Chapter 5 . 2 [ Unicode ]

424 69 2
                                    

အကင်တွေကျက်တာနဲ့ အားလုံးက အချိန်ဖြုန်းမနေပဲနဲ့ တက်ညီလက်ညီစားလိုက်ကြရာ ခနလေးအတွင်းမှာပဲ အကုန်ကုန်သွားလေသည် ။ ပြီးတော့ Kou Chen သတင်းရထားတာတစ်ခုက Huo Ran က ကောင်းကောင်းသောက်နိုင်တယ်ဆိုတာပဲ ။

××××××××××××××××××

ဆိုင်တံခါးကနေ သုံးလေးလှမ်းလောက်လျှောက်လိုက်ပြီးသည့်နောက် Kou Chen က သူ့ခြေထောက်တွေ လေပေါ်မြောက်နေတယ်လို့ခံစားနေရတယ် ။ ဒါပေမဲ့ Huo Ran ရဲ့မျက်လုံးတွေက ကြည်လင်နေဆဲဖြစ်ပြီးတော့ တကယ်ကို Level မြင့်တာပဲ ။ Xu Zhi Fan နဲ့ Hu Yi တို့ကတော့ အများကြီးသောက်မထားပေ ။ Jieng Lei ကတော့ အတော်ရေချိန်ကိုက်နေပြီး Xu Zhi Fan ရဲ့လည်ပင်းကိုဖက်ထားကာ သီချင်းအော်ဆိုနေလေသည် ။

Kou Chen က မေးလိုက်တယ် ။

" မင်းတို့ ဘယ်လိုပြန်ကြမှာလဲ "

" Bike နဲ့ Scooter ပါတယ် " , Huo Ran က ဖြေလိုက်တယ် ။ " ကျောင်းရှေ့မှာ ရပ်ထားတယ် "

Kou Chen က Jieng Lei ကို လက်ညှိုးထိုးပြပြီးပြောလိုက်တယ်

" သူက မောင်းလို့အဆင်ပြေပါ့မလား "

" ငါ့ Scooter နောက်ကနေလိုက်လိမ့်မယ် " , Hu Yi က သက်ပြင်းချလိုက်တယ် ။ " သူ့ကို ငါ့အိမ်ပဲခေါ်သွားလိုက်တော့မယ် ဒီတိုင်းအိမ်ပြန်သွားရင် သူ့အမေက သတ်လိမ့်မယ် "

" OK ! အဲ့တာဆို ငါအရင်သွားနှင့်ပြီနော် " , Kou Chen က ပြောလိုက်ပြီး သုံးလေးလှမ်းလျှောက်သွားပြီးမှ Huo Ran ဆီကိုပြန်လှည့်လာသည် ။

" Huo Ran "

" ဘာလဲ " , Huo Ran က သူ့ကိုကြည့်လိုက်သည် ။

" ငါ မင်းကို ပြောစရာရှိလို့ "

Huo Ran က ကျစ် ခနဲ အသံပြုလိုက်ပြီး တခြားဘာမှမပြောပဲ ရပ်စောင့်နေသည် ။

" Good Night " , Kou Chen က ပြုံးပြလိုက်ပြီး ခြေလှမ်းကြဲကြီးတွေနဲ့ ပြန်ထွက်သွားလေသည် ။ နှုတ်ကလဲ သီချင်းအကျယ်ကြီးအော်ဆိုလျက် .....

" Huohuohuo Huohuohuo ....... "

.
.
.
.
.

သူတို့အုပ်စုထဲမှာ Jieng Lei ကိုတော့ Hu Yi က ကျောင်းရှေ့မိန်းပေါက်အထိ တရွတ်တိုက်ပြီးဆွဲခေါ်လာလေရဲ့ ။ Scooter ဆီရောက်မှပဲ Hu Yi ခမျာသက်ပြင်းချနိုင်တော့တယ် ။ အဲ့ဒီအချိန်မှာ Xu Zhi Fan က Huo Ran ကို မေးလိုက်တယ် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now