Chapter 2.2 [ Unicode ]

585 95 14
                                    

Huo Ran လက်ထဲက ဖုန်းကိုချလ်ိုက်သည် ။ ထိုလူအား လှည့်ကြည့်ကာ ပြုံးပြလိုက်သည် ။

" မင်းကို လှဲသိပ်ပေးမဲ့ မင်းရဲ့အဖိုးလေ "

အတန်းက ရုတ်တရက် ထောက်ခံတဲ့သူတွေနဲ့ ဆူညံသွားတယ် ။ အခုအချိန်မှာ အားလုံးဟာတစ်စိတ်တစ်ဝမ်းတည်း ....... ။

Huo Ran က ကြွားဝါပြီးပြောခဲ့ခြင်းမဟုတ် ။ Huo Ran နှင့် ထိုသူ၏အဆင့်မှာ များစွာကွာခြားလေသည် ။ Huo Ran မှာ ပထမနှစ်၏ ဒုတိယနှစ်ဝက်မှာတင်ထူးချွန်တဲ့အရည်အချင်းများကြောင့် ဘတ်စကတ်ဘောအသင်း၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အပေါက်ဆိုးတာကလွဲရင် ပြစ်ချက်ရှာမရသောသူ ။ ထိုကြောင့်လည်း ပထမနှစ်မှာတင် ကျောင်းလက်ရွေးစင်ဘတ်စကတ်ဘောအသင်း၏ ခေါင်းဆောင် ဖြစ်လာခြင်းပင် ။ ထိုကဲ့သိုသောဖြစ်စဥ်မှာ လွန်ခဲ့တဲ့ ၂နှစ်ကမှ ကျောင်းပြောင်းသွားတဲ့ Jiang Cheng မှလွဲရင် ဒီတစ်ကျောင်းလုံးတွင် Huo Ran တစ်ယောက်သာရှိလေသည် ။
[ TN : Jiang Cheng က ဒီ Novel ကိုရေးတဲ့ Author Wu Zhe ရဲ့ Saye Novel ထဲက ဇာတ်ကောင်ပါ အိုင်လေး ဒါကိုဘာသာပြန်ဖြစ်တာလဲ SAYE ရဲ့ Related Novel မို့ ။ မဖတ်ရသေးရင် ရှာဖတ်ကြည့်ကြပါအုန်း Highly Recommend ! ပြီးတော့ LA လဲရိုက်နေပြီ 😚 ]

Huo Ran ၏ အသံမှာ အင်မတန်စောင်ကြွားကြွားနိုင်လှသည် ။ အရင်ခေါင်းဆောင် Jiang Cheng က မည်ကဲ့သိုပြောလေ့ရှိသည်ကို သူမသိသော်လည်း လက်ရှိ Huo Ran ၏ ပုံစံမှာ Kou Chen ကို တစ်ပွဲတစ်လမ်းစမ်းချင်စိတ် ပေါက်စေသည် ။

" Fuck ! ငါက မင်းရဲ့အဖိုးလေ ခုနကမင်းပြောခဲ့အတိုင်း ဟောဒီက မင်းဖိုးဖိုးကို ထပ်ပြောကြည့်ပါအုန်း "

ထိုလူမှာ Huo Ran ဆီသို့ အပြေးအလွှားရောက်လာတော့သည် ။

Huo Ran ၏ ဘေးတွင်ထိုင်နေသော Xu Zhifan မှာ မက်တပ်ရပ်လိုက်သည် ။ Jiang Lei လည်း နောက်မှာ လိုက်ရပ်သည် ။ Zhifan က ထိုသူရဲ့ရှေ့မှာပိတ်ရပ်လိုက်ပြီး ပြောလိုက်သည် ။

" Lu Wei မင်းက ဘာဖြစ်ချင်နေတာလဲ ။ ဒီအဆောင်တွေ ဘယ်လောက်ဟောင်းနေလဲဆိုတာကို မင်းမသိတာလဲမဟုတ်ဘူး "

" အဆောင်က ဟောင်းနေတာကို လူတိုင်းသိတယ် ဒါပေမဲ့ ကြမ်းခင်းကိုပေါက်အောင်လုပ်နိုင်တာကတော့ မင်းတို့အတန်းမှာ တစ်ယောက်ပဲရှိတယ် နားလည်လား " ; ထိုလူက Huo Ran အား မေးငေါ့ရင်း ပြောလိုက်သည် ။

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now