Attention please

3.5K 177 14
                                    

Hello .....

ရက္ ၂၀ ေက်ာ္ၾကာၿပီးမွ ျပန္ေပၚလာတဲ့စာက update မဟုတ္လို႔ အရင္ဆုံး အရမ္းအရမ္းအားနာၿပီးေတာင္းပန္ပါတယ္ ။ အရဲမွာ ဘယ္လိုမွ ဘာသာျပန္ၿပီးစာေရးခ်ိန္မရွိလို႔ပါ ။ အရင္ဆုံး အရဲဖက္က အေျခအေနကို တခ်က္ရွင္းျပပါမယ္ ။ အားလုံးသိတဲ့အတိုင္း ၁ရက္ေန႔မွာ စစ္တပ္ကအာဏာသိမ္းပါတယ္ ။ သိမ္းသိမ္းခ်င္းမွာ အင္တာနက္ျဖတ္တာလဲတစ္ေၾကာင္းဆိုေပမဲ့ အရဲက သမဂၢ​ေက်ာင္းသားပါ ။ တႏိုင္ငံလုံး ၇၂ နာရီေစာင့္ေနတဲ့အခ်ိန္မွာ ဒီ ၇၂ နာရီ ၿပီးရင္ဘာဆက္လုပ္မလဲဆိုတဲ့ plan ကို အရဲတို႔ဆြဲရပါတယ္ ။ ကိုယ္တိုင္က ေက်ာင္းသား သမဂၢ​ အတြင္းေရးမႉးျဖစ္တဲ့အတြက္ ကိစၥေတာ္ေတာ္မ်ားမ်ား ကိုယ္တိုင္ဦးေဆာင္ၿပီးလုပ္ရတာေတြရွိလာပါတယ္ ။ ၿပီးေတာ့ အရဲတို႔ၿမိဳ႕မွာ ၈ ရက္ေန႔ကစၿပီး ေက်ာင္းသားသမဂၢ​ဦးေဆာင္တဲ့ သပိတ္စစ္ေၾကာင္းစထြက္ပါတယ္ ။ အဲ့ထဲကေန အရဲတို႔ေနာက္ကို စရဖေတြလိုက္တယ္ ေနာက္ေယာင္ခံတာမ်ိဳးေတြႀကဳံရလို႔ အိမ္မျပန္ရပဲ ေန႔ဆို သပိတ္ေမွာက္ ညဆို ေရွာင္ရတိမ္းရနဲ႔ေနေနရတာ ဒီေန႔ထိပါပဲ ။ ဘာသာျပန္ဖို႔ေနေနသာသာ တေန႔ကို အိပ္ခ်ိန္ ၅နာရီေတာင္မျပည့္ပါဘူး ။ ဒီရက္ပိုင္းမွာ အရဲတို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးအဖမ္းခံရပါတယ္ ။ အဲ့ဒီတြက္ပိုၿပီး အလုပ္လုပ္ေနရသလို ပိုၿပီးလဲဂ႐ုစိုက္ေနရပါတယ္။ ကိုယ္တိုင္ကလဲ ဘယ္ေန႔လာဖမ္းမလဲမသိတဲ့ အေနအထားျဖစ္ေနပါတယ္ 😅 ။ ခု ဒီအေၾကာင္းေတြလာေျပာျပတာက update ေမွ်ာ္ေနၾကတဲ့ အရဲရဲ႕ Readers ေလးေတြကို အရမ္းအားနာလို႔ အေျခအေနကိုလာရွင္းျပတာပါ ။ 1K reads ေက်ာ္သြားတာေရာ Votes ေတြအမ်ားႀကီးေပးေနၾကတာလဲသိပါတယ္ ။ ဘယ္လိုမွမတတ္ႏိုင္လို႔ပါ ။ ဒါေပမဲ့ ရရင္ရတဲ့အခ်ိန္မွာ တစ္ေၾကာင္းႏွစ္ေၾကာင္းျဖစ္ျဖစ္ ေရးေနပါတယ္ ။ ဒါေပမဲ့ Chapter တစ္ခုၿပီးဖို႔က်ေတာ့ အရမ္းၾကာသြားပါတယ္ ။ ၿပီးတာနဲ႔ တန္းတင္ေပးမွာပါ ။ အဲ့တာကိုေတာ့ ယုံေပးပါ ။ ဒါပါပဲေနာ္ ။ စာအရွည္ႀကီးကိုဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္ ။ ေသခ်ာတာကေတာ့ ေႏြဦးေတာ္လွန္ေရးၿပီးရင္ အရဲတို႔ျပန္ဆုံမွာပါ ။ အဲ့အခ်ိန္ထိ အားလုံးဂ႐ုစိုက္ၾကပါ ။

ခ်စ္တဲ့ အရဲေလး

Hello ....... ,

ရက် ၂၀ ကျော်ကြာပြီးမှ ပြန်ပေါ်လာတဲ့စာက update မဟုတ်လို့ အရင်ဆုံး အရမ်းအရမ်းအားနာပြီးတောင်းပန်ပါတယ် ။ အရဲမှာ ဘယ်လိုမှ ဘာသာပြန်ပြီးစာရေးချိန်မရှိလို့ပါ ။ အရင်ဆုံး အရဲဖက်က အခြေအနေကို တချက်ရှင်းပြပါမယ် ။ အားလုံးသိတဲ့အတိုင်း ၁ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပါတယ် ။ သိမ်းသိမ်းချင်းမှာ အင်တာနက်ဖြတ်တာလဲတစ်ကြောင်းဆိုပေမဲ့ အရဲက သမဂ္ဂ​ကျောင်းသားပါ ။ တနိုင်ငံလုံး ၇၂ နာရီစောင့်နေတဲ့အချိန်မှာ ဒီ ၇၂ နာရီ ပြီးရင်ဘာဆက်လုပ်မလဲဆိုတဲ့ plan ကို အရဲတို့ဆွဲရပါတယ် ။ ကိုယ်တိုင်က ကျောင်းသား သမဂ္ဂ​ အတွင်းရေးမှူးဖြစ်တဲ့အတွက် ကိစ္စတော်တော်များများ ကိုယ်တိုင်ဦးဆောင်ပြီးလုပ်ရတာတွေရှိလာပါတယ် ။ ပြီးတော့ အရဲတို့မြို့မှာ ၈ ရက်နေ့ကစပြီး ကျောင်းသားသမဂ္ဂ​ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းစထွက်ပါတယ် ။ အဲ့ထဲကနေ အရဲတို့နောက်ကို စရဖတွေလိုက်တယ် နောက်ယောင်ခံတာမျိုးတွေကြုံရလို့ အိမ်မပြန်ရပဲ နေ့ဆို သပိတ်မှောက် ညဆို ရှောင်ရတိမ်းရနဲ့နေနေရတာ ဒီနေ့ထိပါပဲ ။ ဘာသာပြန်ဖို့နေနေသာသာ တနေ့ကို အိပ်ချိန် ၅နာရီတောင်မပြည့်ပါဘူး ။ ဒီရက်ပိုင်းမှာ အရဲတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကျောင်းသားခေါင်းဆောင်တစ်ဦးအဖမ်းခံရပါတယ် ။ အဲ့ဒီတွက်ပိုပြီး အလုပ်လုပ်နေရသလို ပိုပြီးလဲဂရုစိုက်နေရပါတယ်။ ကိုယ်တိုင်ကလဲ ဘယ်နေ့လာဖမ်းမလဲမသိတဲ့ အနေအထားဖြစ်နေပါတယ် 😅 ။ ခု ဒီအကြောင်းတွေလာပြောပြတာက update မျှော်နေကြတဲ့ အရဲရဲ့ Readers လေးတွေကို အရမ်းအားနာလို့ အခြေအနေကိုလာရှင်းပြတာပါ ။ 1K reads ကျော်သွားတာရော Votes တွေအများကြီးပေးနေကြတာလဲသိပါတယ် ။ ဘယ်လိုမှမတတ်နိုင်လို့ပါ ။ ဒါပေမဲ့ ရရင်ရတဲ့အချိန်မှာ တစ်ကြောင်းနှစ်ကြောင်းဖြစ်ဖြစ် ရေးနေပါတယ် ။ ဒါပေမဲ့ Chapter တစ်ခုပြီးဖို့ကျတော့ အရမ်းကြာသွားပါတယ် ။ ပြီးတာနဲ့ တန်းတင်ပေးမှာပါ ။ အဲ့တာကိုတော့ ယုံပေးပါ ။ ဒါပါပဲနော် ။ စာအရှည်ကြီးကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ။ သေချာတာကတော့ နွေဦးတော်လှန်ရေးပြီးရင် အရဲတို့ပြန်ဆုံမှာပါ ။ အဲ့အချိန်ထိ အားလုံးဂရုစိုက်ကြပါ ။

ချစ်တဲ့ အရဲလေး

You've reached the end of published parts.

⏰ Last updated: Feb 21, 2021 ⏰

Add this story to your Library to get notified about new parts!

Qing Kuang [ Reckless ] By Wu Zhe { Myanmar Translation }Where stories live. Discover now