[ zawgyi ]
သူ ဒီရောက်နေတာ နှစ်ရက်ရှိနေပြီ ၊ ဒီနေ့တော့ ဗိုလ်မှုးဆိုသူ
ကြောင့် ထင်ပါရဲ့ အယောက်နှစ်ဆယ်လောက်လုံးကို အချုပ်
ခန်းထဲ မထားတော့ဘဲ အခန်းကျယ်ပြီး အိုဟောင်းနေတဲ့
အိမ်တစ်အိမ်မှာ အခင်းတစ်ခု ၊ စောင်ပါးတစ်ထည်နဲ့အတူ အစောင့်တွေနဲ့ သူတို့ကို ထားထားတယ်။ထိုအိမ်ရဲ့ အခန်းတစ်ခုက ထောင့်အကျဆုံး ပြတင်းပေါက်နဲ့ နီးရာမှာတော့ အိပ်မပျော်နိုင်ပဲ စောင်ပါးကို ခါးထိခြုံထားပြီး ပက်လက်လေးလန်လို့ သူလဲနေတယ်။ လက်တွေက ပြတင်း
ပေါက်က ဖြာကျနေတဲ့ လရောင်ရှိရာဘက်ကို မြောက်ထား
ပြီး လက်ချောင်းတွေကြားထဲက ထိုးထွက်နေတဲ့ အလင်းရောင်ကို အဓိပ္ပါယ်မဲ့စွာ သူငေးမောတယ်။ရုတ်တရက် သူ့ အမြင်အာရုံထဲ ဝင်ရောက်လာတာက သူဆုပ်
ကိုင်ခဲ့ဖူးသမျှ လက်တွေထဲမှာ အခိုင်မာဆုံးနဲ့ အနွေးထွေးဆုံးလို့ ခံစားလိုက်ရတဲ့ သွေးကြောတစ်ချို့ထင်ပေါ်နေတဲ့ လက်ဖဝါးကြီးကြီး ။အစပ်ဆက်မရှိတွေးတောလို့ ယုံကြည်မိပါတယ်။တစ်ကြိမ်တစ်ခါလောက် ရစ်ပတ် ဆက်နွယ်မိသွားရင် ဘယ်
သောအခါမှ ပြန်ပြုတ်ကျမသွားအောင် တင်းကြပ်နေတဲ့ထိ ဆုပ်ကိုင်ထားပေးနိုင်တဲ့ လက်မျိုးဆိုတာ။"ရိပေါ်.."
ညနက်လေ အချမ်းပိုလေ။ သူ့ဘေးဘက်တည့်တည့် ထိုးကျ
နေတဲ့ လရောင်က ဒီနေ့မှပိုတိုးပြီး အရောင်တောက်ပလို့
လင်းနေသယောင် ။အိပ်မပျော်နိုင်လောက်အောင် ပေါက်ကရ
စဉ်းစားနေတဲ့ သူ့ကို လက်ရှိဘဝထဲ ဆွဲခေါ်လာသူက သူ့ကို ကျောပေးလို့အိပ်နေတဲ့ ဂျင်မီ။"အိပ်မပျော်ဘူးလား "
တစ်ဖက်လှည့်အိပ်ရာကနေ သူ့ဘက်လှည့်လို့ ခပ်တိုးတိုး
အမေးစကားပြုတော့ သူခေါင်းငြိမ့်ပြလိုက်တယ်။ အိပ်ရတဲ့
နေရာက ကိုယ့်အခန်းနဲ့ကိုယ်မဟုတ်ဘဲ ကြမ်းပြင်မှာ တန်းစီ အိပ်ရတော့ ဘေးဘက်က အိပ်နေတဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ စကားကိုကျယ်ကျယ်မပြောရဲ။"ချမ်းလို့လား ငါ့စောင်ယူမလား "
သူ ခေါင်းသာခါပြလိုက်တယ်။ ပေးထားတာကမှ တစ်ယောက်ကိုအခင်းတစ်ခု ၊ စောင်ပါးတစ်ထည်ပါဆိုနေ ဒီလောက်
အေးနေတာ သူ ယူလိုက်ရင် ဂျင်မီက ဘာခြုံမလဲ။ ဂျင်မီက သဘောကောင်းလွန်းတယ်။