[ zawgyi ]
" James, ဗိုလ်မှူးရှောင်းကိုတွေ့မိသေးလား"
သူတို့ ထိုမိဘမဲ့ဂေဟာတို့ရောက်နေသည်မှာ နာရီပိုင်းလောက်ပင် ရှိနေလေပြီ။ အကုန်အတူလာခဲ့မှန်း သိပေမယ့် ဗိုလ်မှူးရှောင်းကို အခုထိမတွေ့ရသေးတာကြောင့် သူလိုက်ရှာ
နေမိတယ်။ နေရင်းထိုင်ရင်း သူဂျင်မီနဲ့ပြောနေတာကို ကြားပြီး အထင်လွဲသွားရင်ဘယ်လိုလုပ်မလဲဆိုပြီး မဆီမဆိုင်လိုက် စိုးရိမ်နေမိပြန်ရော။" မသိဘူးရော.. အရေးကြီးပြောစရာရှိလို့လား "
"အဲ့လိုလည်း မရှိပါဘူး "
ထိုတပ်သားလေးက သူ့ကိုပြန်မေးခွန်းထုတ်ခဲ့မှ မျက်နှာလေးငယ်ငယ်နဲ့ သူ ခေါင်းခါရတော့တယ်။ ပြောစရာဘာမှမရှိပေမယ့် ဒီအတိုင်းလေး မတွေ့ရရင်တစ်မျိုးဖြစ်နေလို့ဆိုတာ သူက ဘယ်လိုရှင်းပြရပါလိမ့်။ သူ့ဟာသူတောင် နားမလည်နိုင်တဲ့ဟာ။
"ဒါဆို ပြသနာမရှိပါဘူး ၊ ဆက်ရှာကြည့်လိုက်လေ..ဘယ်နေရာမှာမှ ရှာမတွေ့ရင် ဂေဟာရဲ့ ရုံးခန်းသွားကြည့်ပါလား ၊ အဲ့မှာ မဒမ်လီနဲ့အတူရှိနေလောက်တယ် "
"သြော.."
ထိုတပ်သားလေးမှာ အလုပ်ရှုပ်နေတဲ့အလား သူ့အမေးကို
ဖြေပြီးတာနဲ့ ဂေဟာအဝင်မှာရှိနေတဲ့ သူတို့ဆွဲလာခဲ့တဲ့ လှည်းပေါ်က မုန့်ပုံးတွေကို သွားမ,နေတယ်။ သူ သက်ပြင်းချလိုက်မိတယ်။ သူဘာကြောင့်များ အဲ့အချက်ကို မစဉ်းစားမိတာလဲ ၊ ဒီကိုမလာခင် ဂျင်မီလည်း ပြောခဲ့တာဘဲ.. ဗိုလ်မှုး
ရှောင်းက မဒမ်လီနဲ့အတူ ရှိနေလိမ့်မယ်ဆိုတာကို။James ပြောသွားတာ သာမာန်ဆိုပေမယ့် အတွေးလွန်နေတာ သူကိုယ်တိုင်သာ။ အတူရှိနေတယ်ဆိုတဲ့ ထိုအကြောင်းအရာ အမှန်တရားဖြစ်နေလည်း သူ့လိုလူက ဝမ်းသာပေးရုံအပြင် ဘာလုပ်လို့်ရမှာတဲ့လဲ။ မဟုတ်တာတွေးနေတဲ့ အတွေးတွေကို ခေါင်းကနေခါထုတ်လိုက်ပြီး တခြားလိုအပ်နေတဲ့
တစ်စုံတစ်ယောက်ကို ကူဖို့သာတွေးလိုက်တော့တယ်။"ရလား.. ကျွန်တော် မ,ကူပါမယ် "
မျက်စိရှေ့မြင်နေရတဲ့ ဂေဟာကဆရာမလေးတစ်ဦးက မနိုင်
မနင်းနဲ့ မုန့်ပုံးတွေကို တစ်ယောက်ထဲ မ,နေတာတွေ့လို့ သူ မ,ကူလိုက်တော့ ထိုဆရာမလေးက သူ့ကိုပြုံးပြလာတယ်။
အပြုံးချိုချိုနဲ့ဆရာမလေးက ချစ်စဖွယ်မျက်နှာအနေအထားနဲ့။