[ zawgyi ]
"ရိပေါ် ဗိုလ်မှူးရှောင်းမှာခဲ့ပေမယ့် ညနေမှပြန်ရအောင်လေ
မနက်ခင်းကို မဒမ်လီနားသွားနေကူရအောင် "ပေါင်ပေါ်တင်ထားတဲ့ ကလေးသေးသေးကို ဆန်ပြုတ်ခွံ့ပေးနေရင်းနဲ့ William အပြောကို သူခေါင်းငြိမ့်ပြလိုက်တယ်။
ကလေးမပြောလေနဲ့ မိန်းကလေးတွေနဲ့တောင် နီးစပ်အောင်မနေဘူးတဲ့ William တို့လိုယောက်ျားရင့်မာကြီးတွေတောင် တတ်သလောက် မှတ်သလောက် ကလေးတွေကို ထိန်းကူနေသေးတာပဲ၊ သူက ဘာလို့မကူနိုင်ရမှာလဲ။"ဟုတ် အကို William တို့သဘောပါ ၊ ကျွန်တော်က
ပြသနာမရှိဘူး "ကလေးသေးသေးကို စိတ်ရှည်လက်ရှည် ဆန်ပြုတ်ခွံ့ကျွေးနေတဲ့သူက စိတ်ကြည်တဲ့အခါဆို အကိုတွေဘာတွေ ထည့်ခေါ်တတ်တာကြောင့် William က သူ့ကိုကြည့်ပြီးပြုံးစိစိနဲ့။
"ဒီကလေးကို ငါ့ပေးထားခဲ့ ၊ မင်းသွားပြီး မဒမ်လီကို ဆန်ပြုတ်သွားတိုက်ပေးဦး ၊ ဘာမှမစားပဲအိပ်နေတာ မနေ့တည်းကဘဲ"
Williamက သစ်သားဗန်းပေါ်တင်ထားတဲ့ ဆန်ပြုတ်ပန်းကန်ကို သူ့ဆီကမ်းပေးလာရင်း ပေါင်ပေါ်က ကလေးကိုလည်း တစ်ခါထဲဆွဲပွေ့သွားတယ်။ ကလေးကိုဆန်ပြုတ်ခွံ့ကျွေးနေတဲ့ William ကို သူဒီတိုင်းဘဲကြည့်ပြီး ဘာမှထပ်မပြောတော့ဘဲ စားပွဲပေါ်က သစ်သားဗန်းကိုမ,လို့ မဒမ်လီရဲ့ အခန်းဘက်ကိုလာခဲ့တော့တယ်။
ဟူး..
ခြေလှမ်းတွေကတစ်လှမ်းချင်းလှမ်းနေပေမယ့် လေးလံနေတာကို သူကိုယ်တိုင်သာသိတယ်။ လေပူတွေကို ဒီအတိုင်း စိတ်ရှိလက်ရှိ မှုတ်ထုတ်နေလိုက်တယ်။ ချစ်သူတစ်ဦး၊ တစ်နည်းအားဖြင့်ပြောရရင် လက်ထပ်တော့မယ့်ခင်ပွန်းလောင်းဆုံးရှုံးခံထားရတဲ့ မိန်းကလေးတစ်ဦးကို အရင်လိုသာမာန်တိုင်း နလန်ပြန်ထူနိုင်ဖို့ သူဘယ်လိုစကားကိုသုံးပြီး နှစ်သိမ့်ပေးရမလဲ။
လောကသဘာဝ အားလုံးသင်္ခါရ ၊ သေခြင်းတရားက အမြဲ
ကြုံနိုင်တယ်ဆိုပေမယ့် အခုလိုအချိန်မျိုးတော့ ဆုံးသွားတဲ့လူနဲ့ ပတ်သတ်ပြီးတော်တော်ကြီးကို နှစ်သိမ့်ရခက်ပေလိမ့်မယ်။
Williamက သူ့ကို လွတ်လိုက်တည်းက အလကားသက်သက်တော့မဟုတ်မှန်း သူသိပြီးသား ။ ဒီကောင်တွေ ဘာမှမလုပ်တတ်တော့လို့ သူ့ကိုလွှဲချတာ!