[1.3]

4.1K 535 57
                                    

[ zawgyi ]

1939, December. 25
At Richmond, Virginia.

ဒေါက် ဒေါက်..

"ကျန့်အာ..သားလေး အပြင်မှာဘယ်သူလာလဲမသိဘူး၊ တံခါးသွားဖွင့်ပေးလိုက်ဦး "

မီးလင်းဖိုလေးရဲ့အရှေ့ဘက် အနွေးကော်ဇောတွေခင်းထားတဲ့ ခရစ်စမတ်သစ်ပင်ကြီးအောက်မှာ ရှောင်းကျန့် ဟိုလိမ့်ဒီလိမ့်နဲ့လူးလိမ့်ပြီး ကျင်းကော်နဲ့ဆော့နေတယ်။ အိမ်ရှေ့က တံခါးခေါက်သံသဲ့သဲ့နဲ့အတူ မီးဖိုခန်းထဲကနေအော်ပြောခဲ့တဲ့ မားမားရဲ့အသံကြောင့် လဲအိပ်နေရာကနေ ထလိုက်ပြီး ပျင်းတွဲတွဲနဲ့ထလို့ တံခါးသွားဖွင့်တယ်။

"ပါး "

တစ်နှစ်နေမှအနည်းဆုံးတစ်ကြိမ်၊ နှစ်ကြိမ်သာအိမ်ပြန်လာလေ့ရှိတဲ့ ပါးပါးက ဒီနှစ်ပြန်လာတယ်တဲ့လား။ ပြန်လာမယ်လို့
မထင်မှတ်ထားဘဲ ရုတ်တရက်ပြန်လာခဲ့တဲ့ ပါးပါးကြောင့် ​ရှောင်းကျန့်မှာ အပျော်လွန်ပြီး သူ့အရပ်နဲ့မှီရာ ပါးပါးခြေထောက်ကို လှမ်းဆွဲလို့ အားရပါးရတွယ်ဖက်လိုက်မိတယ်။ ဒီနှစ် ခရစ်စမတ်နေ့လေးမှာတော့ မားမားနဲ့သူနှစ်ယောက်ထဲ အထီးကျန်မနေရတော့ဘူး။ ပါးပါးပြန်လာပြီလေ။

ဟင်!

တစ်ခုခုတော့လွဲနေတယ်၊ ပါပါးကအမြဲတမ်းသူနဲ့တွေ့တိုင်း
ပါးပါးဘက်က အရင်စီးကြိုပြီးဖက်ပေးတယ်။ အခုလိုသူသာ ပါးပါး ခြေထောက်ကိုအရင်ဖက်လိုက်တာမျိုးဆို ပါးပါးက သူ့​ရှေ့ထိုင်ချလာပြီးပြန်ဖက်ပေးနေကြကို အခုက သူအကြာကြီးဖက်ထားတာတောင် ပါးကပြန်လာမဖက်ပေးဘူး။ ပါးပြန်လာဖက်မှာပါလေဆိုပြီး ပေကပ်ကပ်နဲ့ဖက်ရင်းစောင့်နေပေမယ့် ပြန်မဖက်ပေးလာတဲ့ ပါးပါးကြောင့် သူစိတ်မကောင်းဖြစ်သွားတယ်။

"သားကျန့် ပါးကိုအိမ်ထဲ အရင်ပေးဝင်လေနော်"

ပါးပါးကို မြင်မြင်ချင်းပျော်နေသလောက် ခဏကြာတော့ နှုတ်ခမ်းဆူသွားတာကြောင့် သူ့အတွေးတွေကို ပါးပါးကနားလည်တဲ့အလား.. ပါးပါးခြေထောက်ကို အတင်းဖက်ထားတဲ့ သူ့ကိုငုံ့ကြည့်လို့ စကားပြောလာတယ်။ ထူထဲမဲနက်ပြီး ခြေမျက်စိထိရှည်လျားစွာရှိနေတဲ့ ပါးပါးဝတ်နေကျ အနွေးထည်ထူကြီးက သူ စိတ်ထင်၍လားမသိ ဒီနေ့မှ ပိုပြီးဖောင်းနေသလို၊ လေတိုးနေလို့များလား။

Take Me Home [ Complete ] Where stories live. Discover now