[ zawgyi ]
1949 February,
At Varina, Virginia."ဗိုလ်ကြီးတို့အတွက် ရွာလူကြီးပေးတဲ့ အိမ်က ဒီအိမ်ပါ "
ရှောင်းကျန့် , ရှင်းရန် (ရန်တပ်ရင်းမှူး), တခြားတပ်သားတစ်ချို့နဲ့အတူ Varina ကို ခဏတာစောင့်ရှောက်ပေးဖို့ တာဝန်ကျတာကြောင့် Richmond မှ Varina ကို ရထားစီးလို့ ညနေစောင်းမှ ရောက်လာခဲ့လေတယ်။ ရှောင်းကျန့်တို့ Varina ကို စ,ရောက်တော့ ရွာကတာဝန်ရှိသူတွေက သူတို့နေရမယ့်အိမ်ကိုပြပေးလေတယ်။
ရိုးရိုးအိမ်သေးသေးကိုမှ ဝါးစိမ်းနဲ့ပဲလုပ်ထားပြီး မြင်မြင်သမျှ ပတ်လည်က စိမ်းနေတော့ ဘယ်နေရာကြည့်ကြည့် အမြင်အေးနေတော့တယ်။ ထိုအိမ်သေးလေးမှာ အခန်းများစွာ ပါဝင်နေသော်လည်း အခန်းတစ်ခန်းချင်းစီက လိုတာထက် ပိုမကျယ်တဲ့တိုင်အောင် တစ်ယောက်စာလေးအတွက်တော့ သူ့အလိုလို အဆင်ပြေနေပြန်တယ်။
"ကျေးဇူးတင်ပါတယ် "
ရှောင်းကျန့်တို့အဖွဲ့လည်း ရွာတာဝန်ရှိသူတွေကို ကျေးဇူးတင်စကားပြောလို့ ရောက်ရောက်ခြင်းနေ့အတွက် နားဖို့ပြင်ရတယ်။ တစ်နေကုန် ရထားစီးလာခြင်းဖြစ်တာကြောင့် တစ်ကိုယ်လုံးနုန်းချိလို့ ပင်ပန်းနေတဲ့ရှောင်းကျန့်တို့အဖွဲ့ဟာ သိပ်မကြာခင်မှာပဲ အထုပ်လေးကိုဘေးချလို့ အိပ်ပျော်သွားကြတော့တယ်။
"ခြံဝင်းတစ်ခုလုံး သစ်ရွက်ခြောက်တွေမကျန်စေနဲ့နော်"
နေရောင်နွေးနွေး မနက်ခင်းလေးတစ်ခုမှာ ကြားနေရတဲ့တစ်စုံတစ်ယောက်ရဲ့ ဆူပူသံကြောင့် ကျိန်းစက်နေတဲ့မျက်လုံးတွေကို မနဲဖွင့်လို့ ရှောင်းကျန့်နိုးလာရတယ်။ ဘေးပတ်လည်ကို လိုက်ကြည်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေတာကြောင့် မည်သူမှမနိုးသေးကြောင်း ရှောင်းကျန့် သိလိုက်လေတယ်။
သူတို့အကုန်လုံးလည်း လွန်ခဲ့တဲ့ညက ပင်ပန်းလာတာကြောင့် ရှောင်းကျန့်မှာ နိုးဖို့တွေးမနေတော့ပဲ အိမ်ပုလေးရဲ့ အနောက်ဘက်ကိုဝင်လို့ တစ်ကိုယ်ရေသန့်ရှင်းပြီး အိမ်အရှေ့ဘက်ကို တစ်ယောက်ထဲသာ ထွက်လာခဲ့လိုက်တော့တယ်။
လွန်ခဲ့တဲ့ညက ညနေစောင်းဘက်ကြီးရောက်လာတာကြောင့် ဘေးဘက်အိမ်တွေကို သေချာမကြည့်ဖြစ်ခဲ့။ ထိုမနက်မှ ရှောင်းကျန့် သူ့အရှေ့က အိမ်တွေကိုသေချာလိုက်ကြည့်မိတော့ ရှောင်းကျန့်တို့ လက်ရှိနေတဲ့ ဝါးအိမ်လေးရဲ့ မျက်နှာချင်းဆိုင်မှာ အမြင်အေးစေနိုင်လောက်တဲ့ အိမ်သေးလေးတွေ တန်းစီနေတာကို တွေ့လိုက်ရတယ်။