[1.0]

3.8K 593 39
                                    

[ zawgyi ]

" သယ်ရခက်နေရင် ကားပေါ်တင်လိုက်လေ "

ပြန်ချိန်နီးနေပြီမို့ တပ်ရင်းကသယ်လာတဲ့ပစ္စည်းတစ်ချို့ကို
လှည်းနဲ့ကုန်တင်ကားကြီးတွေမှာ နည်းနည်းစီမျှတင်နေတဲ့ သူတို့အနား ဗိုလ်မှူးရှောင်းရောက်လာပြီး အကုန်လုံးကို လိုက်
ပတ်ကြည့်ရင်း လိုအပ်တာတွေစစ်ဆေးလို့ပြောပေးနေတယ်။

"ရိပေါ် ဘာဖြစ်နေတာလဲ "

တစ်လျှောက်လုံးလည်း ဗိုလ်မှူးက ဘယ်ဆိုသူကညာ ၊ ဗိုလ်မှူးက ညာဆိုသူကဘယ် ၊ ဗိုလ်မှူးက လမ်းတည့်တည့်လာရင် သူ့မှာကွေ့ပတ်သွား စသည်ဖြင့် သူ မသိမသာနဲ့ ရှောင်
နေတော့ သတိထားမိသွားပုံရသွား တဲ့ ဗိုလ်မှူးရှောင်းက သူ့
နားလာလို့ နောက်ကနေပြီး သူ့လက်ကိုလာဆွဲပြီး မေးတယ်။

"ဘာမှဖြစ်ပါဘူး ဗိုလ်မှူး "

ဗိုလ်မှူးက လူကိုအကြပ်ရိုက်ရတာ အတော်သဘောကျပုံရတယ်။ သူ မဖြေမချင်း လူကြားထဲပတ်မေးနေတော့ အကုန်လုံးကကြည့်လာကြကုန်ပြီ။ ဗိုလ်မှူးရှောင်းက ဘာမှဖြစ်ပေမယ့်
လူကြည့်ခံရတာမကြိုက်တဲ့ သူ့အတွက် သူ့လက်ကောက်ဝတ်ပေါ်က ဗိုလ်မှူးရှောင်းလက်ကို ခါချပြီး ပြန်ဖြေတော့ အလိုမကျသလို ကြည့်လာပြန်တယ်။

"အကုန်လုံးပြန်လို့တော့ရပြီ၊ ဒါမဲ့ ကျိဝေ ၊ ရိပေါ် ပြီးတော့
လိုအပ်တာလုပ်ဖို့ နောက်ထပ် ငါးယောက်လောက်​နေခဲ့ "

"ဟုတ်ကဲ့ "

သူ ဘာကိုမှပြန်မပြောနိုင်သေးခင် ဗိုလ်မှူးရှောင်းက သူ့ရှေ့ ကထွက်သွားလေပြီ။ ဘာလို့များ သူက ကျန်နေခဲ့ရပြန်တာ
တုန်း။ ဘေးပတ်လည်လိုက်ကြည့်တော့လည်း အကုန်လုံးက
ဘာကိုမှထွေထွေထူးထူးဂရုစိုက်နေပုံမရ ကိုယ့်အလုပ်ကိုယ်
လုပ်နေကြတယ် သူတစ်ယောက်ထဲ ထူခြားနေလားလို့ထင်ရတဲ့အထိ။

"ဟင်း.. ဗိုလ်မှူးရှောင်းလည်း မျက်နှာမကောင်းဘူး "

"ဘယ်ကောင်းပါ့မလဲ ရန်တပ်ရင်းမှူးက တကယ်တော်တာကို
အကုန်လုံးလည်း စိတ်မကောင်းကြဘူးလေ ၊ တော်တဲ့လူတွေက လောကကြီးကို စောစောစွန့်ခွာရတယ်တဲ့ဟင်း.."

Take Me Home [ Complete ] Where stories live. Discover now