[0.3]

4.5K 737 17
                                    

[ zawgyi ]

" ဒါနည်းနည်းသေးတယ် ဒါယူလိုက် "

မှောင်မဲပြီး အလင်းရောင်နည်းနည်းသာရှိနေတဲ့ ဂိုထောင်ပေါက်ဝမှာ သူတို့အားလုံး မတ်တပ်ရပ်နေကြတယ်။ ဆန်အိတ်
ထမ်းရမယ်လို့ပြောတော့ အကုန်လုံးက သူ့ရှေ့ကိုယ့်ရှေ့ရှိတာ ​ကောက်မ,သွားကြပေမယ့် ဂျင်မီက သူ့ကို စောင့်ထား
ခိုင်းပြီး ​သေးတဲ့အိတ်တစ်အိတ် ရှာပေးနေတယ်။

"ရတယ် ဒီနားကဟာဘဲ မ,သွားတော့မယ်"

သူ ဂျင်မီကို သူ့ရှေ့မှာရှိနေတဲ့ အိတ်ကိုညွှန်ပြပြီး ​ပြောလိုက်
တယ်။ သုံ့ပန်းဆိုပြီး ကျွန်တွေလို မထားပေးတာနဲ့တင် ကျေးဇူးတင်ရပါပြီ။ သူတို့လောက် လွတ်လပ်ခွင့်ရတဲ့ အကျဉ်းသား
တွေဆိုတာ ရှိပါဦးမလား။ ဆပ်သင့်တဲ့ ကျေးဇူးတော့
ဆပ်ရပေဦးမယ်။

"ငါ အလကား ​ရွေးပေးနေတယ်လို့ မင်းထင်နေတာလား ၊
မယုံရင် မင်းမ,ချင်တဲ့ဟာကို မ,ကြည့်လေ "

ဂျင်မီက စေတနာနဲ့ပြောတာမှန်ပေမယ့် သူကခေါင်းမာတယ်။
သူ ​ခေါင်းမာခဲ့လို့ ဒီအခြေအနေထိ ရောက်လာတာတောင်
နောင်တရယ်လို့ သူဘယ်တော့မှ မရဖူးဘူး။ အခုထိလည်း သူ ကလေးဆိုး,ဆိုးချင်နေတုန်း။ စမ်းကြည့်လေဆိုတဲ့ မျက်
နှာပေးနဲ့ ကြည့်နေတဲ့ ဂျင်မီကို မျက်စောင်းလှမ်းထိုးလို့
ဆူပုတ်ပုတ်နဲ့ သူ ဆန်အိတ်ကိုမ,တယ်။

တစ်ခေါက်.. မရဘူး။ နောက်တစ်ခေါက် ပြန်မ,တယ်။ ဆန် အိတ်မရင်း သူပါပစ်လဲမသွားတာ ကံကောင်းတယ်လို့ ပြောရမယ်။ ကြာရင် ဆန်အိတ်ပိပြီး သေတဲ့ မသာဆိုပြီး ကျော်မ
ကောင်း ကြားမကောင်းဖြစ်လာတော့မှာမို့ ကိုင်ထားတဲ့ ဆန်
အိတ်ကိုလွတ်ချပြီး ဘေးမှာဆူပုတ်ပုတ်နဲ့ ရပ်နေလိုက်တယ်။
့ဂျင်မီကတော့ သူ့ကိုခိုးကြည့်ပြီး ခေါင်းငုံ့လို့ တိတ်တိတ်လေး ခိုးရယ်နေတယ်။

"ဖယ်.. ဒါပဲ ယူသွားတော့မယ်"

ရှေ့တည့်တည့်ကနေပြီးမှ လာရယ်နေတဲ့ ဂျင်မီကို စိတ်ပေါက်ပေါက်နဲ့ တွန်းဖယ်ပြီး ဂျင်မီ ​ရွေးပေးတဲ့အိတ်ကို မနိုင်မနင်း ထမ်းလို့ အပြင်ထွက်လာလိုက်တယ်။ နောက်ကနေ ဂျင်မီက ရယ်ချင်ပက်ကျိ မျက်နှာပေးနဲ့ သူ့ကိုစောင့်ဦးဆိုပြီး ပြေးလိုက်လာတယ်။ အကျင့်မကောင်းတဲ့ကောင်စုတ်!

Take Me Home [ Complete ] Where stories live. Discover now