[ unicode ]
Fic လေးပြီးသွားပြီ..
ကျေးဇူးတင်စကားကို စောစောရေးချင်ပေမယ့် မအားတာနဲ့ မေ့သွားလို့ အခုမှပြန်လာရေးတာ။အကုန်လုံးကို စိတ်ရင်းနဲ့ တကယ်ကျေးဇူးတင်မိပါတယ်။
မကောင်းမကန်းနဲ့ ပျင်းစရာကောင်းတဲ့ ဒီ Fic လေးကို
အိပဲ့အိပဲ့နဲ့ရေးနေတဲ့ ငပျင်းလေးနဲ့အတူ အဆုံးထိလိုက်ပေးလို့..ထွေထွေထူးထူးမဟုတ်ပဲ
ပြောစရာလေးနည်းနည်းရှိတာလေးကတော့..တကယ့်အပြင်က Virginiaက လုံးဝကို ငြိမ်းချမ်းတဲ့ဒေသလေးပါ။ စစ်ပွဲဆို ဝေလာဝေး..
ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက Korea စစ်ပွဲနဲ့ ဗီယက်နမ် စစ်ပွဲတွေကြား Virginia ကလူတွေ အသေအပျောက်များခဲ့ရုံလေးသာရှိတာ..
Virginiaကတော့ ခုထက်ထိ တကယ့်ကို အေးအေးချမ်းချမ်းရှိနေဆဲဖြစ်တဲ့ ဒေသလေးပါ။ဒါကို စရေးဖြစ်တာက John Denver ရဲ့ Country Road, Take me home ဆိုတဲ့ သီချင်းလေးကို နားထောင်မိလို့ ရေးဖြစ်လာတာပါ..
မရေးခင်တည်းက တွေးလာတဲ့
"ငါမရေးနိုင်လောက်ဘူးထင်တယ်နော်" ဆိုတဲ့အတွေးက
အခုပြီးသွားတဲ့ထိကို ဝင်နေတုန်း ><( အရမ်း အရမ်း အရမ်းကိုမှ တန်ဖိုးရှိပြီး အနှစ်အရသာရှိလှတဲ့ သီချင်းမို့လို့ ကျွန်တော်ရေးလိုက်မှ သီချင်းရဲ့အနှစ်သာရ ပျက်သွားမှာ တအားကို စိုးရိမ်မိတာပါ)
ဒီ Ficကို ရေးခဲ့တဲ့ကျွန်တော့်အနေနဲ့ ဘာကိုမှထိခိုက်လိုစိတ်မရှိပါဘူး။ ဒါလေးကိုတော့ သိထားပေးစေချင်ပါတယ်။
* ဒါကြောင့်ပါပဲ.. ကျွန်တော့်ရဲ့အရေးအသားလိုအပ်ချက်နဲ့ ပတ်သတ်လို့ တစ်စုံတစ်ရာအပေါ် ထိခိုက်စရာဖြစ်သွားခဲ့သည်ရှိသော် ကျွန်တော့်အမှားသက်သက်သာ ။
....
စာအရှည်ကြီး အရှည်ကြီး ရေးဖို့တွေးထားခဲ့ပေမယ့် တကယ့်လက်တွေ့ကျ ဘာမှမရေးတတ်တော့ဘူး။
ဆိုတော့.. အားလုံးပဲ Goodbye 💛