[1.7]

3.2K 419 23
                                    

[ zawgyi ]

"ထွက်မသွားပါနဲ့.."

ရုတ်တရက်ဆိုသလို ရှောင်းကျန့် နည်းနည်းတော့ ကြောင်အ,သွားမိတယ်။ သူက အလုပ်ကိစ္စတစ်ချို့လာလုပ်ရင်း ပြီးပြတ်သွားလို့ ကျိဝေနဲ့ James တို့အဖွဲ့ကို ပြန်လို့ရအောင် ပြင်ဆင်ပေးနေတာကို ဒီကလေးကို ဘယ်ကောင်တွေ ချွန်တုံးလုပ်ခဲ့ပြန်ပြီလဲ!

"မလုပ်ပါနဲ့..!
ကျွန်တော့်လက်ကို မဖယ်ပါနဲ့ အင့်"

"ရိပေါ်.."

"မပြောနဲ့! "

ခါးထက်က တင်းကြပ်နေတဲ့ လက်တစ်စုံကြောင့် အနည်းငယ်လျော့ချပြီး ခန္ဓာကိုယ်ကို ရိပေါ်ဘက်လှည့်လို့ သေချာရှင်းပြပေးမလို့ကို ရိပေါ်က လက်မခံ။ ရှောင်းကျန့် သက်ပြင်းဖြေးဖြေးချလိုက်တယ်။ ဒီကလေး ဘာကို စိတ်ဆိုးနေတာလဲ..

"ချစ်တယ်လို့..

ချစ်တာမို့ အင့် ထားမသွားပါနဲ့..

ကျွန်တော်မှားပါပြီ.."

ရှောင်းကျန့် နားထဲလေတွေ တဝီဝီနဲ့ ဝင်လိုက်ထွက်လိုက် ဖြစ်သွားသလို တစ်ချက်တစ်ချက်ခုန်လာတဲ့ ရင်ခုန်နှုန်းတွေလည်း အတိုင်းအဆမဲ့လို့..။ ​နောက်ကျောတစ်နေရာက အနည်းငယ်စိုစွတ်လာတယ်။ နောက်ကျောနဲ့ ထိကပ်နေတဲ့ ကိုယ်ငယ်လေးဆီက ရင်ခုန်သံတစ်ချို့ကိုလည်း တိုးသက်သက်နဲ့ ခံစားမိနေတယ်။

"ရိပေါ်.."

"ကလေးဆို! ..
စိတ်ဆိုးသွားတာမလား"

". ."

"ဟင် လို့!
ကလေးလို့ပြန်ခေါ်ပေး"

ဖြေရှင်းမလို့ကို ဖြေရှင်းခွင့်ကလည်း မပေး..၊ သူ စိတ်ဆိုးနေတယ်လို့ထင်ပြီး သူ့ကိုချော့ဖို့နည်းမျိုးစုံသုံးနေတဲ့ သူ့နောက်ကျောက ရိပေါ်ကြောင့် အောင်နိုင်သူမျက်နှာထားနဲ့ ရှောင်းကျန့် ပြုံးရွှင်နေပုံများ လွန်ခဲ့တဲ့မိနစ်ပိုင်းက မှိုင်နေသည်မှာ သူမဟုတ်သည့်အလား။

သို့ပေမယ့် သိပ်တော့မကြာလိုက်.. သူ့ရှေ့တည့်တည့်မှ သူနှင့်အတူလိုက်လို့ ပြုံးစိစိဖြစ်နေသည့် ကျိဝေနဲ့ကျဲရင်းကိုမြင်တော့ သိပ်မကြာခင်အချိန်အတွင်း အရှက်လွန်ပြီး ငိုသွားမယ့် သူ့ကလေးမျက်နှာကို မြင်ယောင်မိပြီး ရှောင်းကျန့် မျက်မှောင်ကြုံ့ရပြန်တယ်။

Take Me Home [ Complete ] Where stories live. Discover now