[ zawgyi ]
" ရိပေါ် "
သူ ဗိုလ်မှူးရှောင်းနဲ့ Shenandoahမြစ်ကနေ ပြန်လာတည်းက တစ်လမ်းလုံးသူစဉ်းစားနေတာက တပ်ရင်းပြန်ရောက်
လို့ စိတ်ဆိုးနေတဲ့ ဂျင်မီနဲ့တွေ့ရင် သူ ဘယ်လိုတောင်းပန်ရမလဲ ဆိုတာကိုပင်။ သူ့မှာ ဂျင်မီတစ်ယောက်ထဲရှိတာမို့ ဂျင်မီသာ စိတ်ဆိုးရင် သူအရမ်းအားနာနေမိမှာ ။ သို့ပေမယ့်လည်း သူ့အထင်နဲ့အမြင် တတ်တတ်ဆင်အောင် လွဲသွားပုံမှာ ဂျင်မီက သူ့ကိုနည်းနည်းလေးမှပင် စိတ်ဆိုးမနေပေ။"အင်း.."
ဘေးပတ်လည်မှာ တခြားလူတွေလည်း အိပ်နေကြပြီဖြစ်တာ
ကြောင့် သူလည်း အိပ်ဖို့အတွက် ဖျာကြမ်းလေးကိုအရင်ခင်း
ပြီး ခေါင်းအုံးချနေချိန် သူ့နားတိုးကပ်လို့ ဂျင်မီက စကားပြောလာတယ်။" ငါ မင်းကိုတစ်ခုမေးစရာရှိလို့ "
" မေးလေ "
ဂျင်မီ မေးလာမယ့် မေးခွန်းအတွက် သူဘာမှထူးထူးခြားခြား
တွေးမထားတာကြောင့် ဂျင်မီဘက်တောင် ပြန်မလှည့်ဘဲ ကျောပေးရင်း ပြန်မေးလိုက်တယ်။"ငါ နင့်အကြောင်းသိချင်တယ် "
သို့ပေမယ့် ဂျင်မီအခုလိုမေးခဲ့လိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့တာကြောင့် အမှုမဲ့ အမှတ်မဲ့ ခေါင်းအုံးပေါ်က အမှိုက်တွေဖယ်ချနေတဲ့ သူ့လက်လေးက ဂျင်မီရဲ့ မေးခွန်းအဆုံးမှာ ငြိမ်
သက်သွားရတယ်။"ငါ့အကြောင်း?"
သူ့ ကိုယ်သူလက်ညိုးပြန်ထိုးရင်း ဂျင်မီကို မေးခွန်းထုတ်လိုက်တော့ ဂျင်မီက ခေါင်းငြိမ့်ပြလာတယ်။ သူ့အကြောင်းတဲ့..
သူကိုယ်တိုင်တောင် မေ့ထားရတဲ့ အကြောင်းအရင်းတွေ
အတွက် သူအတိတ်ကိုပြန်တူးဆွမှကို ဖြစ်မှာလား။"အပြင်သွားရအောင် "
သူတို့အိပ်ရတဲ့နေရာ အနေအထားက အခန်းလွတ်အကျယ်ကြီးကိုမှ အကုန်လုံးကကြမ်းပြင်ပေါ် တန်းစီပြီး အိပ်ကြရခြင်း
ဖြစ်တာကြောင့် သူတို့စကားပြောနေရင် အခြားအိပ်နေတဲ့
လူတွေအနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ သူ အရင်ဆုံး ဂျင်မီကိုခေါ်လို့ အပြင်ထွက်လာခဲ့တယ်။ နေတာကြာလာတာ နဲ့
အမျှ တပ်သားတွေနဲ့လည်း အချင်းချင်း ရင်းနှီးခင်မင်လာကြ
ပြီမို့ အရင်ကလို သူတို့ကိုပိတ်စောင့်မထားတော့ဘဲ ညဘက်
တွေလည်း လွတ်လပ်စွာ ထွက်ခွင့်ပေးထားတယ်။