[0.4]

4.4K 675 27
                                    

[ zawgyi ]

"ဘယ်လိုဖြစ်ပြီး ရောက်လာပြန်တာလဲ"

ရှေ့စားပွဲခုံမှာထိုင်ပြီး ​မေးခွန်းထုတ်ခဲ့တဲ့ ဗိုလ်မှူးရှေ့သူ ခေါင်းလေးငုံ့လို့ ခြေလေးကုပ်ပြီး ရပ်နေလိုက်တယ်။ တစ်ချက်
တစ်ချက်ဆိုသလို ခေါင်းငုံ့ထားတဲ့ကြားက မျက်ခွံလေးပင့်လို့ ချောင်း..ချောင်းကြည့်ရတာ အမော။ ဒီဗိုလ်မှူးက ဒီလိုမျိုး
ဖြစ်သလို ထိုင်နေတာတောင် ကြည့်လို့ကောင်းလွန်းတယ်။

"ဟို.. ရှောင်းကျန့်ကိုလာရှာတာပါ "

ဗိုလ်မှူးအမေးကို သူ ရိုရိုသေသေ ပြန်ဖြေလိုက်တော့ စားပွဲခုံပေါ် လက်ချောင်းတွေ မြောက်လိုက်ချလိုက်နဲ့ လက်ကိုအလုပ်ပေးရင်း သူ့အဖြေစောင့်နေတဲ့ ဗိုလ်မှူးက တစ်ခုခုကို အလိုမကျသလို မျက်ခုံးလေးတွေ ပိုကြုံ့ပြီးကြည့်လာတယ်။

"ဘာလုပ်ဖို့လဲ"

"ဒီစာလေး ပေးခိုင်းလိုက်လို့ပါ "

သူ စာအိတ်ကို ဗိုလ်မှူးထိုင်နေတဲ့ စားပွဲရှေ့သွားချပေးပြီး ရှေ့ကနေ ခေါင်းလေးငုံ့လို့ ပြန်သွားရပ်နေလိုက်ပြန်တယ်။
တော်တော်ကြာတဲ့ထိ ဗိုလ်မှူးဆီက စကားပြန်မလာတာ
ကြောင့် ခေါင်းမော့ကြည့်တော့ ဗိုလ်မှူးက သူ့ကိုမျက်ခုံးကြုံ့
ပြီး ကြည့်နေပြန်တယ်။

"ရှောင်းကျန့်က ငါပဲဆိုတာ မင်းအခုထိ မသိသေးတာလား"

အေးစက်စက် စကားသံအဆုံး ကြက်သီးတွေ တန်းစီထကုန်
သလို ခံစားရတယ်။ သူတကယ် မသိလိုက်တာပါ ၊ အံ့သြရ
မယ့်အစား ကြောက်စိတ်က ပိုပါတယ်။ အရာအားလုံးထက် သူတို့ ဗိုလ်မှူးရဲ့ အေးစက်စက်မျက်နှာက ကြောက်စရာ
အကောင်းဆုံးဆိုတာ သူသိပြီးသားမလား။

"ခဏစောင့်နေ "

ဗိုလ်မှူးရှောင်း ထိုစကားတစ်ခွန်းကိုသာပြောပြီး သူခေါင်းငြိမ့်
ပြလိုက်တော့ အစောပိုင်းက လူကြီးတွေထိုင်နေတဲ့ ဘေးဘက်အခန်းထဲကို ဝင်သွားတယ်။ သိပ်မကြာခင် အချိန်လေးမှာ
ဘဲ uniform အစုံနဲ့ ပြန်ထွက်လာတယ်။

"ငါနဲ့လိုက်ခဲ့"

ဟမ်!

တော်တော်ကြာတဲ့အထိ တိတ်ဆိတ်နေတဲ့ အခန်းကြောင့် သူ့
အသက်ရှုသံတွေတောင် သူပြန်ကြားရကုန်တယ်။ဒီလို တိတ်ဆိတ်ပြီး အေးစက်နေတာနဲ့ အသားမကျတော့ အပြင်ထွက်ဖို့ပြင်ခါနီး တစ်ဖက်ခန်းကထွက်လာတဲ့ ဗိုလ်မှူးရှောင်းက သူ့လက်ကောက်ဝတ်ကိုဆွဲပြီး ဆိုင်အပြင်ကို ခေါ်ထုတ်လာခဲ့တယ်။

Take Me Home [ Complete ] Where stories live. Discover now