[1.4]

3.4K 482 21
                                    

[ unicode ]

"ရိပေါ်လေး ဘာတွေများစဉ်းစားနေတာလဲ သားရယ်"

အိမ်ရှေ့က ပန်းပင်တစ်ချို့ကို ရေလောင်းဖို့ခွက်လေးကိုင်ပြီး
အပင်ရှေ့ငိုင်နေတော့ အန်တီရင်းက လာမေးတယ်။ ဘာလိုလိုနဲ့ သူ Varina မှာ ပြန်ရောက်နေတာတောင် တော်တော်ကြာခဲ့ပြီပဲ။ ဂျင်မီအိမ်မှာ နှစ်ရက်လောက်သောင်တင်ပြီးနောက်ပိုင်း သူဆက်မနေချင်တော့တာနဲ့ အိမ်ပြန်ချင်တယ်ဆိုပြီး သူဂျင်မီကိုပြောလိုက်တော့ ဂျင်မီကအငြင်းစကားတစ်ခုမှမဆိုပဲ ရထားလက်မှတ်ပြေးဝယ်ပြီး သူ့ကိုလိုက်ပို့ခဲ့တယ်။

Varina ကို စ,ရောက်ခဲ့တဲ့နေ့က ရိပေါ်က ဂျင်မီကို သူနဲ့
အတူ လာနေလို့ရကြောင်းပြောခဲ့ပေမယ့် ဂျင်မီက "သူလုပ်စရာရှိသေးလို့ " ဆိုတဲ့ ထိုစကားတစ်ခွန်းကိုသာ ပြောခဲ့ပြီး
Richmondကို ပြန်သွားခဲ့တယ်။ ရိပေါ်လည်း ဂျင်မီသူ့ကို မပြောပြနိုင်တဲ့ အကြောင်းအရာတစ်ချို့အတွက် အများကြီးလိုက်ပြီး မေးခွန်းထုတ်မနေတော့ပဲ ဘူတာရုံထိပြန်လိုက်ပို့ရင်းသာ နှုတ်ဆက်ခဲ့လိုက်တယ်။

ဂျင်မီ သူ့ကိုခေါ်လာတဲ့နေ့တည်းက စကားတွေအများကြီး ထပ်မပြောဖြစ်ကြပေမယ့် ဂျင်မီက သူ့အတွက် တကယ့်ကိုသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်နေခဲ့တယ်။ အတိတ်တွေ အနာဂတ်တွေ၊ အမှန်တရားတွေ သူအကုန်မေ့ထားပြီး သူနဲ့အတူအမြဲရှိနေခဲ့တဲ့ ဂျင်မီကိုပဲ သူ့သူငယ်ချင်းလို့ ရိပေါ် သတ်မှတ်ထားတယ်။ James Henry ဆိုတဲ့ အမှန်တရားက ပျောက်ကွယ်နေရင်တောင်မှပေါ့။

"ဒီအတိုင်းလျှောက်တွေးနေတာ ဘာရယ်တော့မဟုတ်ပါဘူး..အန်တီရင်း "

Apron မီးခိုးရောင်နဲ့ ယောက်မလေးကိုင်လို့ သူ့နားလာတဲ့ အန်တီရင်းပုံစံက လွန်ခဲ့တဲ့လတွေက သူပြန်ရောက်လာတဲ့နေ့ကို သတိရစေပြန်တယ်။ ဂျင်မီကို ဘူတာရုံမှာ နှုတ်ဆက်ခဲ့ပြီး ရွာထဲလာတော့ သူ မရှိတဲ့ သုံးလေးလအတွင်းမှာ ပြောင်းလဲကုန်တာအများကြီးမို့ လမ်းလည်ခေါင်မှာ ယောင်လည်လည်။ အိမ်ထဲအရင်သွားဝင်လို့ အဒေါ်က အဲ့လောက်အကြာကြီး ဘယ်ရောက်နေလဲဆိုပြီး ရိုက်နေမှာလည်း ကြောက်တာနဲ့ အိမ်လည်းမပြန်ရဲဘဲ အန်တီရင်းဆီ အရင်ပြေးသွားရတော့တယ်။

Take Me Home [ Complete ] Where stories live. Discover now