Final

5.7K 509 36
                                    

[ zawgyi ]

"ကလေးလေး.. ကိုကိုက ပြန်ချိန်မသတ်မှတ်နိုင်တဲ့
ခရီးရှည်ကြီးတစ်ခုကို သွားရမယ် "

" ရုရှားဘက်က စစ်ကို စခဲ့ပြီ .. ကိုကိုတို့ နည်းနည်း အလုပ်ရှုပ်မယ်"

ရိပေါ် အခန်းထဲဝင်ပြီး လိုအပ်တဲ့ပစ္စည်းတစ်ချို့ကို မြန်မြန်ပြေးယူလို့ ထည့်ပေးတယ်။ သူတင်မက ကိုကိုရော ကျိဝေပါ မျက်နှာမကောင်းနေတာကြောင့် သူအတတ်နိုင်ဆုံး သူ့စိတ်သူထိန်းတယ်။ သူငိုလိုက်ရင် ကိုကိုတပ်ရင်းသွားရမှာ စိတ်ဖြောင့်မှာ မဟုတ်ဘူး..

"ကျန်းမာရေး ဂရုစိုက်.. ကိုကို
တစ်ပတ်တစ်ခါ ကျွန်တော် ကိုကို့ဆီလာခဲ့မယ်"

နဖူးလေးကို ဖွဖွလေး အနမ်းပေးလို့ ဝဲတဲတဲမျက်ဝန်းတွေနဲ့ စကားဆိုတော့ ကိုကိုက တင်းကြပ်နေအောင် ဖက်ထားပေးတယ်။ ခြံရှေ့မှာ ကိုကို့ကားနဲ့ အဆင်သင့်​စောင့်နေတဲ့ ကျိဝေကို အချိန်ခဏလောက်ပေးပါဦးလို့ တောင်းဆိုလို့ နောက်ထပ် ဘယ်နှစ်လထပ်လို့ခွဲရမည်မှန်း မသိသည့်အခြေအနေမှာ ရင်ငွေ့နွေးနွေးကို အပြည့်အဝ ခိုလှုံချင်ပါသေးတယ်။

"ခဏခဏ မလာနဲ့.. ကိုကို့ဝမ်လုံးလေးလာတဲ့နေ့ ကိုကို Richmondက တပ်ရင်းမှာ မရှိနေတဲ့နေ့ဆို ကိုယ့်ကလေး
အလကားနေရင်း ပင်ပန်းလိမ့်မယ်"

"အင်း သိတယ်ဆို"

မွ..

"အလုပ်တွေဖြေးဖြေးလုပ် မလောနဲ့နော်"

"ကိုကို အားတဲ့နေ့တိုင်း စာပို့လိုက်မယ်"

"မဖျားစေနဲ့နော်"

တစ်ယောက်တစ်ပေါက်နဲ့ စကားတွေမှာလို့ မပြီးနိုင် ..
နောက်ဆုံးအနေနှင့် နှုတ်ခမ်းဖူးဖူးကို အသာဖိကပ် နမ်းရှုံ့လို့
ရိပေါ်လက်လေးထဲက ကိုကို့လက်လေးက ထွက်ခွာသွားလေပြီ။ ကိုကို ထွက်သွားမှပဲ အိမ်ပေါက်ဝမှာထိုင်လို့ ကိုကို့ရှေ့ထိန်းချုပ်ထားခဲ့သမျှ ရိပေါ်မှာ ချုံးပွံချငိုတော့တယ်။

"ဘေးကင်းပါစေ ကိုကိုရယ်"

.... ☄

- အခြေအနေတွေ ပိုရှုပ်ထွေးနေပြီ ကိုကို့ဝမ်လုံးလေး..
ကိုကိုပြန်လာလို့ မရသေးဘူး -

Take Me Home [ Complete ] Where stories live. Discover now