[ zawgyi ]
မိုးစက်လေးတွေ ခပ်ဖွဲဖွဲကျနေတဲ့ မြေနီရောင် ရွာလမ်းကျဉ်း
ကျဉ်းလေးတစ်လျှောက်မှာ ဖြူဖြူဥဥ နှင်းလုံးလေးနဲ့ တူတဲ့
ကောင်ငယ်လေးတစ်ယောက်က အဝါရောင်ထီးလေးဆောင်းလို့ တစ်ဖက် လမ်းမှာရှိတဲ့ ဘူတာရုံကိုသွားနေတယ်။
လေထဲ မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ ထီးဝါလေးနဲ့အတူ
ကောင်ငယ်လေးရဲ့ ခြေလှမ်းတွေက အဝေးကကြည့်နေရင်
တောင် တက်ကြွနေပုံရတယ်။မြေနီလမ်းလေးကို နည်းနည်ကျော်ပြီး အရှေ့ခပ်လှမ်းလှမ်းဆို ဘူတာရုံ ရောက်ပြီ။ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ရွှေအို
ရောင် ဆံပင်လေးဝဲနေအောင် တစ်လမ်းလုံး လျှောက်လာခဲ့
သူက ဘူတာရုံနားရောက်တော့ ခြေလှမ်းလေးတွေ နှေးသွားတယ်။"ဟူး..အဆင်ပြေသွားမှာပါ "
စိတ်လှုပ်ရှားရင် လုပ်နေကြအတိုင်း ဘယ်ဘက် လက်လေး
က ရင်ဘတ်ကို အသာလေးတင်လို့ နှုတ်ခမ်းဖူးဖူးလေးက
လေတွေကို မသိမသာ မှုတ်ထုတ်နေတယ်။ အခုလိုအခြေအနေကို စိတ်မလှုပ်ရှားနေဘူးဆို သူ ညာ ရာကျနေလိမ့်
မယ်။ဟော .. သူက မြန်လှပြီထင်နေတာ သူ့ထက် အရင်ဆန္ဒတွေ
စောပြီး ဘူတာရုံမှာရောက်နှင့်နေတဲ့ သူလို ၊ ကိုယ်လို အုပ်စု
တွေကို ခပ်လှမ်းလှမ်းကနေ တွေ့လိုက်တော့ သူအလိုမကျ
တော့ဘူး။ မျက်ခုံးနှစ်ခု ထိကပ်သွားပြီး မြေနီလမ်းလေးပေါ်
ခြေဆောင့်ချလိုက်တယ်။မတတ်နိုင်ဘူးလေ ၊ သူကနောက်ကျတာကိုး ။ သေ မထူး
နေ မထူး ဇာတ်ခင်းရင်း ထီးဝါလေးကို အသာလေးပိတ်လို့ ဘူတာရုံထဲ ခိုဝင်လိုက်တော့ အကုန်လုံးက သူ့ကို ပြူးကြည့်လာတယ်။ သိပ်မများပေမယ့် မနည်းလှတဲ့ လူအုပ်ကြောင့် ဘူတာရုံထဲထိ မဝင်တော့ဘဲ ဘေးဘက်ချောင်မှာသာ သူ
ကုပ်ကုပ်လေး ရပ်နေလိုက်တော့တယ်။ဘေးပတ်လည်က သူ့ကိုကြည့်နေတဲ့ မိန်းမကြီးတွေက
အသိတွေဖြစ်ပြီး ချစ်စဖွယ်မျက်လုံးများနဲ့ ကြည့်နေပေမယ့် လူ စိတ်ဝင်စားခံရခြင်းကို သဘောမကျတဲ့ ရိပေါ်အတွက်
အခု အခြေအနေက နေရခက်စေတယ်။"ဆရာလေး ၊ ရှောင်းကောကို လာစောင့်တာလား "
လူကြည့်ခံနေရတာကြောင့် နေရခက်နေရလို့ တစ်ယောက်ထဲ ချောင်တစ်ချောင်မှာ တိတ်တဆိတ် ကပ်ရပ်နေပါတယ်ဆို။
စကားလာများနေတဲ့ ဘေးဘက်အိမ်က ဂျင်မီကို သူပိတ်သာ
ထုပစ်လိုက်ချင်တော့တယ်။