[1.6]

3.1K 470 15
                                    

[ zawgyi ]

"အားကျန့်က အဲ့နေ့တည်းက အန်တီရင်းဆီသေချာခွင့်တောင်းပြီး ရိပေါ်လေးကို ခေါ်သွားခဲ့တာ"

တစ်လမ်းလုံးဘယ်လိုပြေးလာမိလဲပင် မသိလိုက်တော့ နားထဲ ထပ်တလဲလဲကြားနေရသည့် စကားသံများနှင့်အတူ မျက်ရည်များမှာ ပါးပြင်ပေါ်မှ မြေပေါ်သို့ပင် တတောက်တောက် ကျသွားသည့်တိုင် မသုတ်ဖယ်မိ။ သူမှာ အမှန်တကယ် အ, လိုက်သည့်ဖြစ်ချင်း.. ဘာကြောင့်များ ယခုချိန်ထိ ဘာတစ်ခုမှ မမှတ်မိရတာလဲ..။

ဗိုလ်မှူးရှောင်းကို သွားရှာပါမယ်ဆိုပြီးမှ အန်တီရင်းရဲ့အိမ်ပြင်ကို မျက်ရည်စက်လက်နဲ့ ပြေးထွက်လာကာမှ ဗိုလ်မှူးရှောင်းက ဘယ်ရောက်နေလဲဆိုသည်ကိုပင် သူ,မသိ။ ပို,ပို၍ အားငယ်လာသည့် ခံစားချက်များရှိလာသည့် ရိပေါ်လေးမှာ မျက်နှာလေးငယ်ငယ်နဲ့ Varinaရွာရဲ့ မြေနီလမ်းနီနီ တစ်ဝက်မှာတင် ထိုင်ချလို့ကို ငိုယိုနေမိတော့တယ်။

"ရိပေါ်.."

သူ ​စောင့်လိုက်ရသည်ဟူ၍များဖြစ်သွားလျှင် ရာဝဇင်ရိုင်းသွားမည့်အလား ဗိုလ်မှူးရှောင်းမှာ သူဘယ်နေရာရောက်နေပါလေစေ အချိန်တိုင်း နောက်မှကပ်ပါလာဆဲ။ ယခုလည်း ထိုင်ငိုနေသည့် သူ့အား အကြောင်းအရင်းတစ်ခုမှပင် ​မေးမြန်းခြင်းမပြု ပွေ့ဖက်လို့ နှစ်သိမ့်ပေးနေလေတယ်။

"ဟားဟား.. ရိပေါ်က ဒါမျိုးလည်း ချွဲတာပဲလား"

ငိုနေရင်း ရှက်သွားတာကြောင့် ဗိုလ်မှူးရှောင်းရင်ခွင်ထဲ ဝင်တိုးမိတော့ ဗိုလ်မှူးရှောင်းက သဘောတကျရယ်တယ်။ ပိုပြီးလည်းတိုးဖက်လိုက်တာကြောင့် ဗိုလ်မှူးရှောင်း လက်မောင်းနှစ်ဖက်ထဲ သူ့မှာမြုပ်လို့ကိုနေတယ်။

"ရိပေါ်.. ငိုလို့ဝပြီလား"

". ."

"ဒါဆို ကိုယ့်ကိုပြော.. ဘာဖြစ်လို့ငိုတာလဲဆိုတာ"

ဟင့်အင်း.. ရိပေါ်ကခေါင်းကို ထပ်ခါထပ်ခါခါတယ်။

"ရိပေါ် ငိုရင် ကိုယ်ရင်တွေပူလို့ပါ.. နော်
ပြောပြပါနော်"

မျက်နှာလေးငယ်ငယ်နဲ့ သူငိုတဲ့အကြောင်းသိချင်နေတဲ့ ဗိုလ်မှူးရှောင်းရဲ့ ချစ်ဖို့ကောင်းမှုအဖြာဖြာကြောင့် ရင်ခွင်ကျဉ်းကျဉ်းထဲ ​ဆွဲသွင်းလို့ တင်းကြပ်နေအောင် ရိပေါ်ဖက်ပစ်လိုက်တယ်။ သူ့ကို အရမ်းချစ်တဲ့ ဗိုလ်မှူးရှောင်းကို သူကလည်း ချစ်မိတော့မှာပဲ..

Take Me Home [ Complete ] Where stories live. Discover now