လက်ဆောင်

3K 330 67
                                    

[ zawgyi ]

Suggest Song - I wanna grow old with you..

(in media)

"ကိုကို ကျွန်တော်က အကျင့်မကောင်းဘူးမလား "

ညနေခင်းနေဝင်ရီတရောအချိန် ခြံဝန်းသေးသေးထဲက မြက်ခင်းပြင်လေးမှာ အတူထိုင်နေရင်းက သူချစ်ရတဲ့ ကလေးပေါက်စလေးဟာ ပေါက်ပေါက်ရှာရှာ ထိုစကားကို စလာလေရဲ့။ ညနေခင်း လိမ္မော်ရောင်စွန်းစွန်းနေလုံးကြီးဆီ အပြီးပေးပစ်ထားတဲ့ အာရုံတွေကို မြန်မြန်ဆန်ဆန်လေး တပ်ခေါက်လို့ ပြန်ဆုတ်ပြီး ကလေးငယ်ကို ချစ်စနိုးနဲ့ လှည့်ကြည့်မိတယ်။

"အွန်း..ပြောပါဦး.. ကိုကိုကလေးက ဘယ်လိုတွေအကျင့်မကောင်းတာလဲ"

သူ ခေါင်းတင်လို့လဲအိပ်နေတဲ့ ပေါင်အိအိလေးရဲ့ပိုင်ရှင်က မျက်နှာလေးငယ်ငယ်.. ဇီးရွက်လောက်လေးသာ ကျန်ရှိနေတော့တဲ့ မျက်နှာပိုင်ရှင်လေးကြောင့် ချစ်စနိုးနဲ့နှာသီးထိပ်လေးကို အသာလေးတို့လို့မေးတော့ ဘဲပေါက်လေးပီပီ အစောပိုင်းကထိ မျက်နှာလေးဇီးရွက်လောက်က အနည်းငယ် ​ဖောင်းဖောင်းလေးဖြစ်လာပြီး နှုတ်ခမ်းသေးသေးလေးက ဆူထော်လာတော့တယ်။

"ကိုကို့ကို ဘယ်မှမလွတ်တော့တာမို့လေ "

"အဲ့ဒီတော့ မကောင်းဘူးလား.. ကိုကိုက ကိုယ့်ကလေးလေးအနား နေ့တိုင်းနေပေးလို့ရတာပေါ့ "

မျက်ခုံးနှစ်ဖက်ကို အသာလေးပင့်လို့ ယုံကြည်ချက်ရှိရှိနဲ့ ဝင့်ဝင့်ကြွားကြွားစကားကိုဆိုတော့ ချစ်ရတဲ့ကလေးပေါက်စက မေးဖျားလေးကိုအသာလေးကုပ်လို့ စဉ်းစားဟန်ပြုတယ်။ တစ်ချက်တစ်ချက်ကို ကိုယ်ရှိရာကို မျက်လုံးလေးလှန်ပြီး ခိုးခိုးလို့က ကြည့်သေးတယ်။ အတွေးလွန်နေရာကနေ ပြည့်ဖောင်းနေတဲ့ ပါးသေးသေးလေးကိုကြည့်ပြီး ရှောင်းကျန့်မှာ အသဲတယားယား..

ကိုကိုး!!

ဖောင်းနေတဲ့ ပါးဖောင်းအိအိလေးကိုကြည့်ပြီး အသည်းယားလာတဲ့ရှောင်းကျန့်က မနေနိနိုင်မထိုင်နိုင် လဲအိပ်နေရာကနေ ထထိုင်လို့ အာရုံများနေတဲ့ ပေါက်စလေးအလစ် ပါးဖောင်းလေးကို အသာလေးဖိကိုက်တော့ အသံသေးသေးက ဆူအောင့်သံလေးနဲ့ရောပြီး ထွက်လာတယ်။

Take Me Home [ Complete ] Where stories live. Discover now