chapter-1

10K 1.1K 311
                                    

(Unicode)

" ဒီနေ့ ရည်းစားစာ အပေးခံရတယ် ပြီးတော့ အဲ့တာ ယောက်ျားလေး တစ်ယောက်ဆီက "

ကလင်! ကလင် ကလင် ကလင် !!!!

နားစည်ဝသို့ စူးစူးဝါးဝါး ရိုက်ခတ်လာတဲ့ နှိုးစက်သံကြောင့် ဂျီမင်းတစ်ယောက် လန့်နိုးကာ စိတ်မကြည်မသာဖြင့် မျက်လုံးဖွင့်လိုက်ရသည် ။

ထိုအခါ သူ၏ ကုတင်ဘေးတွင်ရပ်နေသော ဂျီယွန်းက တဒေါင်ဒေါင်မြည်နေသော နှိုးစက်လေးကို ပိတ်လိုက်ပြီး ပြုံးစိစိ မျက်နှာဖြင့် စတင်ကာ အရူးထလေတော့သည် ။

" အို ထလော့ အသင်လူသား ထလော့ !
တစ်နေ့တာရဲ့ လူမှုတာဝန်တွေကို ထမ်းဆောင်ဖို့ အထူးသဖြင့် ဒီက ညီမလေးရဲ့ ကိစ္စအဝဝ ကို ကူညီဖြည့်ဆည်းပေးဖို့ ထလော့ !!"

ဂျီမင်းမှာ သူ၏ တစ်ဦးတည်းသော ညီမလေးကို စိတ်မဆိုးနိုင်ပဲ ပြုံးမိတော့သည် ။
ထို့နောက် သူသည် အိပ်ယာမှ ထထိုင်ပြီး မဖွင့်ချင်သေးသော မျက်လုံးကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ဦးတည်သွားတော့သည် ။

" ပြောပါဦး မနက်စောစောစီးစီး ဘာလာရှုပ်တာလဲ မိရစ်လုံး ရဲ့ "

ဂျီမင်းသည် မျက်နှာသစ်ရင်း ရေချိုးခန်းထဲရှိ မှန်မှ တစ်ဆင့် အနောက်ရေချိုးခန်းဝ တွင် ရပ်ကာစောင့်နေသော ဂျီယွန်းကို လှမ်းကာ မေးလိုက်သည် ။

" ဟီး .."

ဂျီယွန်းသည် ဂျီမင်းကို သွားလေး ဖြီးပြလေသည် ။ သူ၏ ညီမလေး ဂျီယွန်းသည် သူနှင့် တော်တော်တူ၏ ။ ပြောရလျင် သူတို့ မောင်နှမနှစ်ယောက်လုံး မားမားရဲ့မျက်နှာပေါက်နှင့် အတော်တူကြလေသည် ။ ဂျီယွန်းတွင် သူနှင့်တူသော ပါးဖောင်းဖောင်းလေးများ ၊ နှုတ်ခမ်းနီနီဖူးဖူးလေးများ နှာတံဆင်းဆင်းလေး များရှိသည်။

သူနှင့် မတူတာဆိုလို့ ဂျီယွန်းသည် မျက်ဝန်း ဝိုင်းစက်စက်လေးများနှင့် ထူစိတ်စိတ် မျက်တောင်နက်နက် ကလေးများရှိလေသည် ။
ထိုအရာကတော့ ပါးပါးနှင့် သွားတူခြင်းဖြစ်၏။ သူမသည် ကျွန်တော့်လို မျက်ဝန်းမမှေးပါ ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now