chapter-18

4.8K 740 80
                                    

(Unicode)

An/ သိတဲ့သူတွေလည်း သိလိုက်ကြပေမယ့် မသိသေးတဲ့သူတွေကို ပြောပြမလို့ !
ကိုယ့်ရဲ့ လက်ယားမှုနဲ့ တင်ခဲ့ပြီးသား ch-18 လုံးဝ delete မိသွားပါတယ် :-)
တော်သေးလို့ offline ver နဲ့ဖတ်တဲ့ မမတစ်ယောက်ဆီက ss လေး ပြန်ရထားလို့ !
အဲ့တာ အဲ့ဒီ ss ပဲ တင်ပေးရမလားအစအဆုံး ပြန်ပြီး typing လုပ်ရမလား စဉ်းစားရင်း တော်တော်လေး ငိုချင်ခဲ့တာပါ
အဲ့အပိုင်းက အပြန်အလှန်ပြောထားကြတဲ့ cmt တွေကို နှမြောလို့ (+_+)
အဆုံးသတ်ကတော့ ပြန်ပြီး ရေးပေးပါမယ်ပေါ့ !
အဲ့တော့ ရှင်လေးတို့လည်း ပြန်ဖတ်ပါဖတ်ပြီးသားဆိုပြီး ကျော်မသွားနဲ့နော်
ပြောတယ်နော် ပြန်ဖတ်ပါ ^_^

" ညီမရူး နှင့် အချစ်ရူး "


           နှုတ်ခမ်းသား နှစ်ခု ကွဲကွာသွားတဲ့အခါ ရင်ခုန် စိတ်လှုပ်ရှားမှုနှင့်အတူ အသက်ရှူသံတို့က အနည်းကျယ်လောင်နေ၏။ 
တဒုန်းဒုန်း မြည်ဟီးနေသော နှလုံးခုန်သံနှင့်အတူ စည်းချက်ကျကျ ရောထွေးလျက် !

ပြီးနောက်မှာတော့ နှစ်ဦးသား ရှက်စိတ်ဖြင့် အကြည့်ချင်း မဆုံရဲကြတော့ပေ ၊

" အဟမ်း! ဒီ ဒီတစ်ခါကရော ဘာလို့..... အဟွတ် ဟွတ်! နမ်းတာလဲ ? "

             ဂျောင်ကုသည် ဂျီမင်းအား မျက်ဝန်းချင်း မဆုံဝံ့ပဲ ရှက်ကိုးရှက်ကန်းဖြင့် နောက်ကုတ်ပိုးကို ကုပ်ရင်း မေးလိုက်သည် ။
ထိုအခါ ဂျီမင်းသည်လည်း ရဲရဲနီနေသော သူ၏ ပါးပြင်တို့ကို ဂျောင်ကုမမြင်အောင် မျက်နှာ လွှဲလျက် ဘာမှ မဖြစ်ဟန်ဆောင်ရင်း ပြန်ဖြေလေသည်။ 

" အဟမ်း ! ကိုက ကမ္ဘာကြီးကို ကယ်တင်ချင်လို့ မင်းကို နမ်းလိုက်တာပါဣာ် !
မဟုတ်ရင် မင်းက နေဂြိုလ်ကို ဖြုတ်ချတော့မှာလေ အဲ့အခါကျရင် လူတွေ ဘယ်လို အသက်ရှင်ကြတော့မှာလဲ "

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now