chapter-10

6.6K 967 97
                                    

(Unicode)

" အကိုပါပဲ ...ကျွန်တော် စတွေ့ကတည်းက သိခဲ့တာ "

" ဟဲ့ ဟဲ့ ! အခန်းဝ နားမှာ ရပ်နေတာ ဂျောင်ကုမလား ?"

ဖွတ် ! အဟွတ် ဟွတ် !

              အရှေ့တန်းမှ ကောင်မလေး နှစ်ယောက် ခပ်တိုးတိုး ပြောသော စကားကို ကြားလိုက်ရချိန် ဂျီမင်းတစ်ယောက် စာသင်ချိန်ကြီး ခေါင်းကို အတင်းငုံ့ကာ မုန့်ခိုးစားနေရာ ပါးစပ်ထဲမှ အာလူးကြော်တို့က သီးပြီးပြန်ထွက်လာရတော့သည် ။
အာလူးကြော် စပ်စပ်လေး ပေ‌မို့ သီး တဲ့အခါ ‌ချောင်းတွေပါဆိုး ၊ မျက်ရည်တွေထွက် နှာခေါင်းတွေပါ စပ် ၊ တကယ်ကို ခံရခက်သော ဖီလင်ကြီးကို ခံစားလိုက်ရတော့သည် ။ ဘေးနားမှ သူငယ်ချင်းကြီး ပီတာက အားကိုးရသည် ဒီလောက် ချောင်းတွေ ဆိုးနေတာကို ကျောကုန်းကို တဖုန်းဖုန်း လာထုပေးလေ၏ ။
အရှေ့မှာ စာတွက်နေသော သင်္ချာဆရာမက သူ့အား ကြောက်ဖို့ကောင်းသော မျက်လုံးကြီးဖြင့် လှမ်းကာ ကြည့်နေပြီ ဖြစ်သည် ။

ပက်ခ်ဂျီမင်းလေး မပျော်တော့ပါ

ဒီကောင်လေး နာမည် ကြားရုံနဲ့ အဲ့လောက်တောင်ပဲ တုန်လှုပ်စရာလား ??

                'တုန်လှုပ်စရာပေါ့ဗျ .!!!!!
ကိုယ့်ညီမနဲ့ ညိတော့မယ်လို့ တစ်ချိန်လုံး ထင်လာတဲ့ ကောင်လေးက ကိုယ့်ကို ကြိုက်နေတာ ကို သိလိုက်ရတာ မတုန်လှုပ်ပဲ နေမလား လို့ !!
ပြီးတော့ မနေ့ကလည်း အဲ့ကောင်လေးက ငါလေးကို .... ငါလေးကို အသားယူသွားသေးတယ်'

               ' သူအဲ့လို လုပ်သွားပြီးကတည်း လူက နေမထိထိုင်မသာ ကတုန်ကယင် ဖြစ်နေခဲ့တာ ၊ ဒီကြားထဲ ဂျီယွန်းသာ သိသွားရင် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကြီးကလည်း နှိပ်စက်နေသေးတယ် '

                သင်္ချာဆရာမက တစ်ဖက်သို့ပြန်လှည့်ပြီး ဝှိုက်‌ဘော့တ် မှာ စာတွေ ပြန်တွက်ကာမှ ဂျီမင်း ဟိုကောင်မလေးတွေပြောတဲ့နေရာကို မရဲတရဲ လှမ်းကာ ခိုးကြည့်လိုက်သည် ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now