chapter-6

6.5K 974 79
                                    

(unicode)

" ပန်းလေးတွေတင်မကပါဘူး ကျွန်တော့်နှလုံးသားလေးလည်း လှုပ်ယိမ်းနေတယ် "

ဂျင်းဂျူ - " လုပ်ပြီ ! ပက်ခ်ဂျီမင်းတို့ကတော့ ဇာတ်လမ်းစပြီ .... အားလုံးက ဒီသရဲကား ကြည့်ချင်လို့ လာကြတာ အခု ဒီကားက အရမ်း ဟော့တ်နေတာ နင်တစ်ယောက်တည်း မကြည့်ချင်ဘူးဆိုပြီး ထ မလုပ်နဲ့လေ "

ဂျီမင်း - " ငါမှ သရဲကား မကြိုက်တာဟာ "

ဂျင်းဂျူ - " နင် မကြိုက်တာမဟုတ်ပဲ ကြောက်တာပါ "

ဂျောင်ကုတစ်ယောက် ပီတာ့အား မုန့်တွေ လိုက်ကူဝယ်ပေးပြီး ပြန်အလာ ရုပ်ရှင်လက်မှတ်ဝယ်သော ကောင်တာရှေ့၌ ထပ်ပြီး ရန်ဖြစ်နေပြန်သော ဂျင်းဂျူနှင့် ဂျီမင်းကို တွေ့လိုက်ရသည် ။

" ဂျင်းဂျူ ... နင် !"

ဂျင်းဂျူမှာ ပြောင်စပ်စပ်မျက်နှာဖြင့် ဂျီမင်းအား လျှာထုတ်ပြနေပြီး ဂျီမင်းကတော့ စိတ်ဆိုးကာ နှုတ်ခမ်းမှာ ဆူပွပွ ဖြစ်နေတော့သည် ။

ထိုသည်ကို မြင်ရတဲ့အခါ ပီတာ ခေါင်းကိုက်လာပြီး နားထင်ကို နှိပ်မိနေဝော့သည် ။
ဂျီမင်း နှင့် ဂျင်းဂျူသည် ဟိုးငယ်ငယ် ကတည်းမှ ထိုကဲ့သို့ ဆန့်ကျင်ဘက် ကိုဦးတည်နေသည့် သုံးနှင့်လေး လို ဆက်ဆံရေးမျိုးဖြစ်သည် ။
အကျင့်မတူ အကြိုက်မတူသည်ကြောင့် မျက်နှာချင်း မဆိုင်ကြသော်လည်း ကျောချင်းတော့ ကပ်နေသေး၏ ၊ သူတို့နှစ်ဦး၏ သူငယ်ချင်းသက်တမ်းမှာ တစ်ဆယ့်ငါးနှစ်ပင် ကျော်လာခဲ့ပြီဖြစ်သည် ။ ထိုကဲ့သို့ ကြောင်နှင့်ကြွက် ကြားထဲတွင် ပီတာသည် အမြဲ ကြားညှပ်ခဲ့ရ၏ ။

ပီတာ - " နင်တို့ ရန်ပဲ ဖြစ်နေမယ်ဆို အိမ်ပြန်တော့ ! "

ပီတာက အနည်းငယ် လေသံမာမာဖြင့် ခပ်တည်တည် ဆူလိုက်တဲ့အခါ နှစ်ဦးသားသည် ချက်ချင်း အသံတိတ်သွားတော့သည် ။

ပီတာသည် တည်နေသော မျက်နှာထားဖြင့် သူဝယ်လာသော မုန့်တွေကို လိုက်ဝေကာ ပေးနေသည် ။ ဂျောင်ကုသည်လည်းပဲ သူ့လက်ထဲရှိ ကိုလာ ခွက်လေးတွေကို လိုက်ပေးပြီးနောက် နောက်ဆုံးကျန်နေသော ဂျီမင်း အနားသို့ သွားကာ ကိုလာခွက်လေးကို ဖြည်းဖြည်းချင်း တိုးပေးလိုက်တဲ့အခါ ထို ကိုလာထွက်ကို လမ်းတစ်ဝက်မှ ပီတာက ဖြတ်ကာ ယူလိုက်၏ ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now