Extra - 1

5.6K 667 148
                                    

(Unicode )

ကိုရီးယားနိုင်ငံ၏ နာမည်ကြီးဆုံး
ဆိုးလ်တက္ကသိုလ်ဝင်းထဲသို့ ခြေချရသည်ကပင် သူ့အား အရှိန်အဝါတစ်ခုရဲ့ ဖိအားကို ခံစားရသလိုပင် ၊ ဒီတက္ကသိုလ် သို့ တက်ရောက်ခွင့်ရဖို့ အရည်အချင်းက အထက်တန်းကျောင်းတွင် အတော်လေး အမှတ်မြင့်မှ ဝင်ရောက်နိုင်ပြီး ၊ စာဖြင့် မဟုတ်လျင်တောင် တခြားသော အားကစား ၊ အနုပညာ တစ်ခုခုဖြင့် ထူးချွန်လွန်းကာမှ တက်ခွင့်ရသော တက္ကသိုလ်ပင်ဖြစ်သည် ။

သူလို အရာရာမှာ သာမန်အလယ်အလတ်အဆင့်သာ ရှိသော သူအတွက်တော့ ဒီကျောင်းဝင်ခွင့်ဆိုတာ မဖြစ်နိုင်ပေ ၊ သို့သော် သူ၏ သူငယ်ချင်းလေး ပီတာကတော့ မတူပေ ၊ အမြဲတမ်းတော်နေတဲ့ သူငယ်ချင်းလေးကြောင့် ဂုဏ်ယူရသေးသည်။

ပြီးတော့ ထပ်ရှိသေးတယ်
ကျွန်တော့်ရဲ့ ရည်းစားလေး ဂျုံဂျောင်ကုလည်း ဒီတက္ကသိုလ် တက်ခွင့်ရခဲ့သည် ၊ သို့သော် အဲ့ဒီ အရူးလေးက ကျွန်တော် ရှိတဲ့ မြောင်ဆောင်းတက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့သတဲ့ ! တွေးမိတိုင်း သူ့အစား နှမြောတသဖြစ်ကာ ဝမ်းနည်းရသလို ၊ တစ်ဖက်ကနေ အချစ်လည်း ပိုရသည် ။

ဂျင်းဂျူ - " ဘာတွေ အတွေးလွန်နေတာလဲ ငါပြောတာ မကြားဘူးလား "

ဂျီမင်း - " ဟင် ! ဘာပြောလိုက်တာ လဲ "

ဂျင်းဂျူ - " ပီတာကို ဖုန်းဆက်ပြီးပြီလားလို့ သူက ဘယ်မှာ စောင့်နေမှာတဲ့လဲ "

ဂျီမင်း - " အော် အင်းအင်း "

ဂျင်းဂျူပြောကာမှပဲ ပီတာ့ဆီ စာပို့ဖို့ သတိရသည် ၊ ဖုန်းစခရင် မှာ စာရိုက်နေရင်း အရှေ့သို့ ငိုက်စိုက်ကျနေသည့် ဦးထုပ်လျှာကြောင့် အာရုံစိုက်မရ ၊ စစ်တာဝန်ထမ်းဆောင်ပြီး ပြန်ထွက်လာတာမ‌ကြာသေးသည်ကြောင့် သူ၏ တိုကပ်ကပ် ပဲကေ အား လူမမြင်စေချင်သည်ကြောင့် အမြဲ ဦးထုပ်ဆောင်းကာ ဖုံးကွယ်ထားတတ်သည်။ ဦး‌ထုပ်လျှာကို အနောက်ပို့လိုက်တော့ အနည်းငယ် နေလောင်ထားသော သူ၏ မျက်နှာနုနုဟာ ထင်းကနဲ ပေါ်လာသည်။
တပြိုင်နက် ညာဖက်နားတစ်ဖက်မှ နားကပ်တစ်ဖက်ဟာ နေရောင်နှင့်ထိတွေ့သွားတိုင်း မြင်ရသူ မျက်စိကျိန်းလောက်အောင် အလင်းပြန်တတ်သေး၏။ ဂျင်းဂျူသည် မျက်မှောင်ကြုံ့လိုက်ကာ ထိုနားကပ် တစ်ဖက်ကို သေချာကြည့်လို့ မေးလိုက်သည်။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now