chapter-22

7.1K 890 219
                                    

(Unicode)

" ဒီနေ့ရည်းစားစာပေးခံရတယ် ပြီးတော့အဲ့တာရည်းစားဟောင်းဆီက ! "

လှည့်မကြည့် ဘူး ~

စိတ်တွေလည်း ပျော့မသွားဘူး ~

ကျွန်တော်လည်း မာန ရှိတဲ့ လူတစ်‌ယောက်မလို့~

ဒါပေမယ့် ဘယ်လိုလုပ်မလဲ !
ကျွန်တော်လှည့်မကြည့်လည်း အကိုအဲ့နေရာမှာ ရပ်နေတုန်း ၊ ကျွန်တော့်ကို ငေးကြည့်ပြီး မျက်ရည်တွေ ‌ကျနေဦးမှာ

အဲ့တာနဲ့များ

အဲ့တာနဲ့များ ဘာလို့ ... ဘာလို့ လမ်းခွဲခဲ့သေးလဲဗျာ ။

           တချိန်က ဒီမေပယ်ပင်ကြီးတွေအောက်မှာ ပျော်မြူးခဲ့ဖူးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ဟာ မေပယ်ပင်ကြီးတွေအောက်မှာပဲ လမ်းခွဲသွားခဲ့ကြတယ် ၊
တစ်စုံတစ်ယောက်ကလည်း နောက်ပြန်လှည်မကြည့်သလို တစ်စုံတစ်ယောက်ကလည်း ဖမ်းကာဆုပ်ကိုင်ထားခြင်းမရှိခဲ့ပါ .... ။

🌨️🌨️🌨️🌨️🌨️

               ထိုဆိုးဝါးတဲ့ နေ့ရက်အပြီး တစ်ပါတ်ကျော်လောက်ကြာသွားသည်အထိ ဂျီမင်း ပီတာကိုလည်း မတွေ့ရသလို ဂျောင်ကုကိုလည်း
ထပ်မတွေ့ရတော့ပါ ။
ပီတာ ကျောင်းမလာခဲ့ ၊ ဂျောင်ကုကရော ?

လမ်းတွေ့ရင်တောင် ရှောင်သွားပေးပါ ဆိုသော ဂျောင်ကုရဲ့ စကားတွေက သူ့နားထဲမှာ အမြဲတဝဲလည်လည် ၊ ပြန်တွေးမိတိုင်းလည်း သူ့ရင်ဘတ်‌တစ်နေရာက စူးပြီး နာကျင်နေတတ်သည် ၊
အစကဖြင့် သူတွေးထားမိတာက ဒီအတိုင်း ဆယ်ကျော်သက်အရွယ်မှာ ထားခဲ့တဲ့ ရည်းစားတစ်ယောက်ပဲမို့ အချိန်နည်းနည်းကြာရင် နာကျင်တာ လျော့သွားနိုင်လိမ့်မယ်လို့ပေါ့ !

ဒါပေမယ့် တစ်ရက် ထက် တစ်ရက် ပိုသိလာရတာက ဒီနာကျင်မှုက တော်တော်နှင့် ပျောက်နိုင်မည် မထင်ပေ !
နာကျင်မှုတိုးလာတိုင်း သူဟာ ဂျောင်ကုဆီ အပြေးအလွှားသာ သွားတွေ့ချင်မိသည်။

// ကျွန်တော့် မျက်စိရှေ့ ပေါ်မလာပါနဲ့ //

// လမ်းတွေ့ရင်တောင် ရှောင်သွားပေးပါ //

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now