chapter-9

6.2K 1K 160
                                    

(Unicode)

" ဖြစ်ခဲ့သမျှတွေ အားလုံးမေ့လိုက်ကြရအောင် အကို "

" ကျွန်တော် ....
ကျွန်တော်လည်း အကို့ကိုကြိုက်တယ် "

                ဂျီမင်းတစ်ယောက် ပြူးကြောင်ကြောင်လေးလေးဖြင့် ပါးစပ်ထဲ ရှိနေတဲ့ ပန်းသီးအချိုရည်ကို ဂလုကနဲ မြိုချလိုက်သည် ။ တိုက်ဆိုင်စွာပဲ သူတို့အနားသို့ ရောက်လာတဲ့ ပီတာ ခင်မျာမှာတော့ ဂျောင်ကု၏ စကားကို ကြားလိုက်ရတဲ့အခါ ပလုတ်ပလောင်း ထိုးသွပ်ထည့်ထားသော ပါးစပ်ထဲမှ ပေါင်မုန့်တို့က သီးကာ ပြန်ထွက်လာရတော့သည် ။ ဂျောင်ကု တစ်ယောက် ပီတာ အနားသို့ရောက်လာတာကို မကျေနပ်သည့်အလား ကြောင်တောင်တောင်ဖြင့် ရပ်နေသေးသော ဂျီမင်း၏ လက်ကို ဆွဲကာ ထွက်လာခဲ့သည် ။

                 ဂျောင်ကုက ဦးဆောင်ကာ ဆွဲခေါ်လာခဲ့သည်မှာ ကျောင်း ဘောလုံးကွင်းဘေးက
မေပယ်ပင်အိုကြီးအောက်သို့ ရောက်သည် အထိပင် ၊ ထိုအခါကျမှ ဂျောင်ကုက သူဆုပ်ကိုင်ထားသော ဂျီမင်း၏ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်တော့သည် ။

ဂျောင်ကု - " အာ ... တစ်ခုခုတော့ တုန့်ပြန်ဦးလေဗျာ အဲ့လောက်ထိ လန့်သွားတာလား
ဒါမှ မဟုတ် ကျွန်တော်က ပြန်ကြိုက်တယ်ဆိုတာကို မယုံကြည်နိုင် ဖြစ်နေတာလား "

              ဂျောင်ကုသည် ယခုချိန်ထိ မယုံကြည်နိုင်မှုနှင့် ဘယ်အချိန်ကများ အလွဲများစတင် သလဲ ဆိုတာကိုစဉ်းစားရင်း အတွေးကမ္ဘာထဲ နစ်နေသော ဂျီမင်း၏ ပခုံးကို ခပ်ဖွဖွ လှမ်းကိုင်ကာ ဆိုလိုက်သည် ။ ထိုအခါ ဂျီမင်းသည် လန့်ဖျပ်ပြီး သူ့ပခုံးကိုထိနေသော ဂျောင်ကု၏ လက်ကို ရှောင်လိုက်ကာ နောက်သို့ ခြေလှမ်း နှစ်လှမ်း သုံးလှမ်း လောက် ခွာလိုက်မိသည် ။ သူ၏ မှေးကျဉ်းသော မျက်ဝန်းလေးများက အံ့ဩထိတ်လန့်မှုကြောင့် ဝိုင်းစက်နေတော့သည် ။

ဂျီမင်း - " ညီ... မဟုတ်ဘူး ဂျောင်ကု မင်း .. မင်းနောက်နေတာမလား ဒါမှ မဟုတ် စကားပြောတာ လောပြီး ကျန်ခဲ့တာလား ' ကျွန်တော်လည်း အကို့ညီမကို ကြိုက်တယ် ' လို့ ပြောရမှာကို လောပြီး ' ကျွန်တော်လည်း အကိုကို့ ကိုကြိုက်တယ် ' လို့ ပြောမိသွားတာ မလား "

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now