chapter-17

5.2K 815 234
                                    

(Unicode)

" ကျွန်တော်တို့ရဲ့ ပထမဆုံး Date "

>> အိပ်ယာ ပေါ်ရောက်ပြီလား ?
စောင် ကို ဗိုက်ထိ ရောက်အောင် ခြုံနော်
မဟုတ်ရင် ဗိုက်အောင့်မှာစိုးလို့ ! <<

              ဂျီယွန်း တစ်ယောက် သူ့အကို၏ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ဖုန်းစပီကာ မှာ ထွက်ပေါ်နေသော ဂျောင်ကု၏ အမှာစကားကို ကြားလိုက်ရတဲ့အခါ အတွင်းကလီစာတွေထဲမှ နေလို့မကောင်းသော ခံစားချက်မျိုး ခံစားလိုက်ရသည် ။

ပို လိုက်တာဟယ် ~
ငါ့ကိုကိုက မသိရင် မူလတန်း
ကလေးကျနေရော " ဟု စိတ်ထဲမှာ အချဉ်ပေါက်စွာ တွေးရင်း သူ(မ) မျက်နှာမှာ ပုပ်ပွနေတော့သည် ။

           သူ(မ) ၏ အကိုကတော့ သူအခန်းထဲ ဝင်လာတာကို မြင်တဲ့အခါ ၃၂ချောင်းသော သွားအကုန်ဖော်ကာ ကျေကျေနပ်နပ်ကြီး ပြုံးဖြီးနေသော ရုပ်ကို အတင်းဖုံးဖိ လိုက်လေသည် ။
ပြီးမှ သူ(မ) အား မျက်စပစ်ပြပြီး ဂျောင်ကုနှင့် စကား ဆက်ပြောလေသည် ။

>> အင်း ပါ <<

' အမလေးနော် လေသံကလည်း ချိုအီနေရော
ပါးပါးတို့ မားမားတို့ရေ ~
ပါးနဲ့ မားတို့ရဲ့ သားလေး လိမ္မာနေတာကို လာကြည့်ကြပါဦး '

        ဂျီယွန်းက ဘေးနားမှ အသံခပ်တိုးတိုးဖြင့် စနောက်လေသည် ။

>> ဘေးနားမှာ ဂျီယွန်းရောက်နေတာလား
အကို <<

>> ဟုတ်တယ်
သူ အိပ်မပျော်လို့ ကိုယ့်ကို လာနှောက်ယှက်‌တာနေမှာ <<

>> သူက အမြဲ အဲ့လိုပဲလား <<

          ဂျောင်ကု၏ မကျေနပ်သော လေသံဖြင့် မေးသော မေးခွန်းကို ကြားလိုက်ရတဲ့အခါ ဂျီယွန်းတစ်ယောက် မျက်ဖြူလန်သွားရတော့သည် ။ ထို့ကြောင့် သူ(မ) မနေနိုင်တော့ပဲ တစ်ဖက်ဖုန်းမှ ကြားနိုင်အောင် အော်ပြောလိုက်၏ ။

>> ဘာလဲ နင်က ငါ့ကိုပါ သဝန်တိုဦးမလို့လား ?
ငါက ကိုကို့ညီမ အရင်းခေါက်ခေါက်နော် <<

&quot; ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! &quot; Where stories live. Discover now