Extra-2

4.5K 555 89
                                    

(Unicode)

" ပက်ခ်ဂျီမင်း ခင်ဗျ !
ဘယ်လိုလဲ နေသာရဲ့လား "

အပြုံးချိုချိုနှင့် ဆရာဝန်လေးက သူ၏လက်ထဲရှိ ချက်ဒ် ကို ကြည့်လိုက်ပြီး ဆိုလေသည်။

" ခွဲပြီးတာ သုံးရက်ရှိပြီနော်
Gas ရော ထွက်ပြီးပြီလား (လေလည်ခြင်းကို ဆိုလိုသည် ) "

ဂျီမင်းဟာ အနည်းငယ်ရှက်ရွံ့သော ပုံစံလေးဖြင့် ပြုံးကာ ခေါင်းကာလိုက်သည်။
ထိုအခါ ဆရာဝန်လေးသည် ' ခဏနော် ' ဟု ဆိုကာ ဂျီမင်း၏ ဆေးရုံဝတ် အင်္ကျီကို လှန်လိုက်ပြီး ဝမ်းဗိုက်၏ ညာဘက်ခြမ်းနားရှိ လက်တစ်ဆစ် စာလောက်ရှိသော ချုပ်ရိုးကြောင်းလေးကို အသေအချာကြည့်ကာ ဘေးနားရှိ သူနာပြု ဆရာမလေးကို ပြောလိုက်သည် ။

" ‌ဒီနေ့အတွက် dressing လုပ်ပြီးပြီလား "

(Dressing : အနာကို သန့်စင်ကာဆေးထည့်ပေးခြင်း )

သူနာပြုဆရာမလေးက ခေါင်းခါပြတဲ့အခါ ဆရာဝန်က ဆက်ပြောလိုက်သည်။

" ပြီးရင် သေချာလုပ်ပေးလိုက်ဦး ! "

ပြီးနောက် သူက ဂျီမင်းဘက်သို့ လှည့်ကာ ပြုံးပြုံးလေးဖြင့် ဆိုလေ သည် ။

" ချုပ်ရိုးက ကောင်းပါတယ်
အရမ်းတော့ လှုပ်ရှားတာမျိုး မလုပ်နဲ့ဦး !
ပြီးတော့ Gas ထွက်လာဖို့လည်း ကြိုးစားကြည့်ပါဦး မဟုတ်ရင် မအီမလည်နဲ့ နေကောင်းမှာ မဟုတ်ဘူး
အစားအသောက်ကတော့ ရေခဲမုန့် တွေ စားချင်ရင် စားလို့ရပြီ "

ဆရာဝန်လေးက လိုအပ်သည်ကိုမှာကြားပြီးတဲ့အခါ ကုတင်ဘေးတွင် အေးစက်နေသော မျက်နှာပေးဖြင့် စူပုပ်ပုပ်ရပ်နေသော ဂျောင်ကုဘက်သို့ ကြည့်ကာ ခေါင်းငုံ့ နှုတ်ဆက်သွားလေသည်။

ထိုမြင်ကွင်းကို မြင်ရတဲ့အခါ ၊ အထူးသဖြင့် ဂျောင်ကု၏ စိတ်မကြည်သလို မျက်နှာကို မြင်ရတဲ့အခါ သူ့စိတ်တွင် ဝမ်းနည်းကာ ငိုချင်လာရသည် ၊ သူသည် စိတ်ကို ထိန်းချုပ်ကာ ဂျောင်ကုအား စကားပြောမည်အကြံတွင် သူနာပြုဆရာမလေး သူ့ဘေးသို့ တစ်ခါ ပြန်ရောက်လာပြန်သည်။
ထို့ကြောင့် သူသည် သူ၏ ခံစားချက်များကို ထိန်းချုပ်ထားလိုက်ပြီး သူနာပြုဆရာမလေးအား ပြုံးပြလိုက်သည်။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now