chapter-7

6.1K 954 174
                                    

(unicode)

" ရွှေစိတ်တော်ညှိုးရင် ကျွန်တော့်မှာ ပျာယာနေတာ သူမျက်စောင်းလေးထိုးတော့ အလူးအလဲခံစားရ "

" တကယ်!.... တကယ်ကြီး ဂျောင်ကုက အိမ်အထိရောက်လာတာ "

ကုတင်၏ခြေရင်းတွင် ဂျီမင်းသည် ခြေချကာထိုင်နေပြီး သူ၏ခြေထောက်နားကြမ်းပြင်တွင် ဂျီယွန်းက ထိုင်ကာ ဂျီမင်းသည် ဂျီယွန်း၏ ခေါင်းလျှော်ပြီးစ မခြောက်သေးသော ဆံပင်တို့ကို အသေအချာ ဖွဖွရွရွ သုတ်ပေးနေလေသည်။

" အိမ်အထိ ရောက်လာတာမဟုတ်ပါဘူး
လမ်းထိပ်ထိပဲ လိုက်လာတာ ... ကိုကို သူ့ကို ခေါ်ပါသေးတယ် ဒါပေမယ့် သူကငြင်းနေတာနဲ့ပဲ~
ဒါပေမယ့်လည်း အဲ့တာက ကောင်းသွားတယ်
ကိုကို အိမ်ပြန်ရောက်တော့ ညီမလေးက မရှိဘူးလေ ဂျောင်ကုသာပါလာရင် အချည်းနှီး ဖြစ်သွားဦးမှာ "

" နှမြောစရာပဲ အဲ့တာ ဟိုအကောင် ဝီလျံ ကြောင့်လေ ရုတ်တရက်ကြီး သူက ဆက်သွယ်လာတာ တွေ့ရအောင်ဆိုပြီး ... ဒါနဲ့ ကိုကိုနဲ့ ဂျောင်ကုက အရမ်းခင်နေပြီပေါ့ အိမ်အထိတောင် လိုက်ပို့တယ်ဆိုတော့ ! "

" မ...မဟုတ်ပါဘူး အဲ့လိုလည်း
သူက ညီမလေးကို တွေ့ချင်လို့ လိုက်လာတာ ထင်ပါတယ် "

ဂျီမင်းတစ်ယောက် ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် မလုံမလဲ ခံစားချက်မျိုး ခံစားနေရသည်။ ရင်ထဲတွင်လည်း ရှုပ်ထွေးနေ၏ ၊ ဂျောင်ကုနဲ့သူက တကယ်ပဲ ရင်းနှီးနေပြီလား ?
အဲ့လို မဟုတ်တာ သူသိသည် ၊ ဂျောင်ကုရဲ့ အပြောအဆိုနဲ့ ဆက်ဆံပုံတွေကို သူတစ်မျိုးကြီးခံစားနေရသည် ။ ညနေကအဖြစ်အပျက် ကိုပဲ ကြည့်လေ ~~

" အိမ်ထဲအထိ လိုက်ခဲ့ပါလား ညီရဲ့
ကိုယ်တို့ အိမ်က ဘက်စ်ကားဂိတ်နဲ့ဝေးတော့ ညီ လမ်းအကြာကြီး လျှောက်လာရတာ မောနေမှာပေါ့ .... အိမ်မှာ အအေးလေးဘာလေး သောက်ပြီး ခဏနားပြီးမှ ပြန်လေ ပြီးတော့ ကိုယ့်မိဘတွေနဲ့ မိတ်ဆက်ပေးမယ် မင်းစိတ်မပူပါနဲ့ သူတို့က ခေတ်မှီတဲ့ မိဘတွေပါ ညီ့ကို ကန်မထုတ်ပါဘူး "

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now