chapter-16

5.7K 832 189
                                    

(Unicode)

" ကျွန်တော့်ရည်းစား အမျိုးကောင်းသား "

" ပီတာ ငါ့ကို အင်္ဂလိပ်စာ မှတ်စုလေး ငှားပါဦး!"

" ရတာပေါ့ "

ထုံးစံအတိုင်းပင် ပီတာသည် အပြုံးချိုချိုလေးများဖြင့် အနားကပ်လာသော ကျောင်းသူလေးအများဖြင့် တုန့်ပြန်ကာ ကျောင်းတစ်နေ့တာကို စလေ၏ ။ သူ့အနားတွေ ဝိုင်းနေသော ကောင်မလေးများ၏ တောင်းဆိုမှုတိုင်းကို မငြင်းဆန်ပဲ အကုန်လိုက်လျောပေးနေသည် ၊ ထိုအချက်ကပဲ ကျောင်းသားဥက္ကဌ ကင်မ်ပီတာကို လူချစ်လူခင် များနေစေခြင်းပဲလား မသိတော့ပေ။ သို့သော် ပက်ခ်ဂျီမင်း မကြိုက်ပါ ၊

'ကျောင်းသားဥက္ကဌဆိုတာနဲ့ပဲ သူတို့ လိုအပ်သမျှ အရာရာတိုင်းကို မငြင်းဆန်ပဲ လိုက်လုပ်ပေးနေစရာမှ ပဲဟာ '

ကျောင်းခန်းထဲဝင်ဝင်ချင်းမှာပင် မြင်ရတဲ့ ထိုမြင်ကွင်းကြောင့် သူကပဲ ဗီလိန်ကြီး ဝင်လုပ်ရတော့မည်။

ဂျီမင်း - " ပီတာက မနေ့က စာသင်ချိန်တွေ လွတ်ထားတယ် အဲ့ဒီအတွက် နင်တို့မှာရော သူ့အတွက်ဆိုပြီး ရည်ရွယ်ပြီး ကူးပေးထားတဲ့ မှတ်စုတွေ စာတွေ မရှိဘူးလား ! "

ရုတ်တရက်ဝင်လာကာမေးသော မေးခွန်းကြောင့် ပီတာဘေးနား ဝိုင်းနေသော‌ ကောင်မလေးများမှာ အင်တင်တင် ဖြစ်ကုန်ကြသည် ။

ဂျီမင်း - " အမြဲတမ်း သူများဆီက ဟိုဟာငှားလိုက် ဒီဟာဝောာင်းလိုက်နဲ့ အားနာရကောင်းမှန်းမသိဘူး ... ပီတာ က နင်တို့ လင်လား !
နင်တို့ လိုသမျှ အကုန်လိုက်ဖြည့်ဆည်းပေးနေရအောင် "

ပီတာ - " ဂျီမင်း ... တော်တော့ "

အားနာတတ်သော သူတော်ကောင်းလေး ပီတာကတော့ သူ့လက်ကိုဆွဲကာ ဆက်မပြောဖို့ တားနေလေပြီ ၊ သို့သော် သူ ဆက်ပြောချင်သေးသည် ၊ ဟုတ်တယ် တစ်ခါတည်း နာအောင် ပြောထားမှ !

ဂျီမင်း - " မှတ်စုလိုချင်တာ မဟုတ်ပဲ ပီတာ့ကို ရောချင်လို့ ဇာတ်လမ်းလာဆင်နေတာဆိုလည်း လစ်လိုက်တော့ ! ဒီကောင့်မှာ ရည်းစားရှိတယ်
သူ့ရည်းစား များ ချောတာမှမှုန်လို့ !"

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now