chapter-2

7.4K 1K 294
                                    

(Unicode)

" Banana Milk"

ကျွန်တော် ပက်ခ်ဂျီမင်းလေးရဲ့ ကျောင်းတက်ရတဲ့ တစ်နေ့တာက ချက်ချင်းပင် ပြောင်းလဲသွားရသည် ။ ကျောင်းရဲ့ ဆယ်လီကြီးကိုမှ ရည်းစားစာ သွားပေးမိသော ကျွန်တော့်အဖြစ်ရယ်ပါ ။

ဘယ်သူကရော ကြိုသိမှာလဲ ??
အဲ့ ဂျုံ‌ဂျောင်ကု ဆိုတဲ့ ငါ့ညီမ ကြိုက်နေတဲ့ ကောင်လေးက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဆိုတာ ၊ ပီတာ ပြောပြလို့ ပြန်သိရသည် အဲ့ကောင်လေး ရဲ့ ချောမောမှုနဲ့ အနေတည်မှု ၊ စာတော်သည့်အပြင် အခြားသော ကာယ၊ ရသ ဘာသာစုံမှာ ကျွမ်းကျင်မှုတို့ကြောင့် သူ့အား fangirling လုပ်နေတဲ့ မိန်းကလေးတွေ အပြင် အချို့သော ယောက်ျားလေးတွေကပါ အားကျ စောင့်‌ကြည့်နေကြသည်တဲ့ ။

အဲ့လို သူ့ကို တစ်ချိန်လုံး ဓါတ်ပုံခိုးရိုက် စောင့်ကြည့်နေကြတဲ့ သူတွေ ရှိမှန်းတောင်မသိပဲ လူသူရှေ့မှာ ရည်းစားစာ ပေးမိတာ ၊ အခုတော့ ငါလေးပါ စောင့်ကြည့်ခံ ဖြစ်နေရရှာပြီ ။

ဂျုံဂျောင်ကုကိုတော့ ချစ်တဲ့ မျက်စိနဲ့ စောင့်ကြည့်ကြတာဆိုပေမယ့် ငါလေးကတော့ သတ်ဖြတ် ကြတော့မလို မျက်လုံးတွေ စောင့်ကြည့်‌ခံနေရပါတယ်ဆို  ဗြဲ!!

အမေရေ ကယ်ပါ

အခုတော့ ကျောင်းဝန်းထဲ ‌လမ်းလျှောက်ရင်းတောင် နောက်ကျောမလုံ တော့သလို ခံစားနေရပြီ ၊ ဘယ်အချိန် ချောင်းရိုက် ခံရမလဲ မသိ ၊

အဲ့တာ အကုန်လုံး မိရစ်လုံးကြောင့်ပဲ !!

အဲ့တာတောင် သူ၏ အချစ်တော် ညီမလေးက
သူ့အကို ကျောင်းမှာ အမဲဖြတ် ခံရတော့မဲ့ အဖြစ်ကို မသိပဲ ရည်းစားစာက ထပ်ပေးခိုင်းလိုက်သေးသည် ။

ဒီတစ်ခါတော့ အဖြူရောင် စာခေါက်လေးမှာ
ဝါညိုညို ပန်းခြောက်လေးတောင် ကပ်ထားလိုက်သေးတယ် 

သူ ဘယ်လို ရည်းစားစာကို ထပ်သွားပေးရမလဲ မသိနိုင်တော့ပါ ၊ ဂျောင်ကုရဲ့ fangirl များက သူ့အား ဒီအတိုင်း အလွတ်ပေးလိမ့်မည်မထင်ပေ ။
အခန်းထဲ ဝင်ပြီး ရည်းစားစာ ပေးဖို့ မပြောနှင့်
သူတို့အခန်းရှေ့ ဖြတ်လျှောက်လျင်ပင် ဝိုင်းရိုက်ခံရမည့်ပုံ ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now