chapter-19

4.3K 699 22
                                    

(Unicode)

" သူငယ်ချင်းလေးရဲ့ လျို့ဝှက်ချက် "

" ရှင်းမ် ဂျင်းဂျူ !! "

         ဂျောင်ကု ၏ လက်ကို ဖြုတ်ကာ ရှေ့ကို အလောတကြီး ပြေးထွက်သွားတဲ့ ဂျီမင်း !

ဂျီမင်း ပြေးထွက်သွားရာ သူတို့နှင့် မျက်စောင်း‌ထိုး‌တစ်နေရာတွင် ဝိုင်းဖွဲ့ကာ ဆော့ကစားနေကြသော ရွယ်တူ ‌ကျောင်းသားတစ်သိုက်ကို ဂျောင်ကု လှမ်းကြည့်လိုက်လေတော့ သူမြင်ဖူးသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

/ အော် ဟိုတစ်ခါရုပ်ရှင်သွားကြည့်တုန်းက အတူပါလာတဲ့ အကိုရဲ့ သူငယ်ချင်းပဲ /

ဂျောင်ကု သူ(မ) ကို မှတ်မိနေတာ မဆန်းပါ
ထိုတစ်နေ့ တွေ့တုန်းက တစ်ချိန်လုံး အကိုဂျီမင်းပြောသမျှ ကို လိုက်ဆန့်ကျင်ပြီး ကန့်လန့်တိုက် ရန်ရှာနေတဲ့ သူ(မ) ကို သူ့စိတ်ထဲ မကြည်ခဲ့မိတာကြောင့်ဖြစ်၏။ 

           သူ့ကျောင်းမှ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေသော ဂျင်းဂျူကို ဂျီမင်း ထိုအုပ်စုထဲမှာ မပြောမဆိုနဲ့ အတင်းဆွဲထုတ်လာခဲ့သည်။ ဂျီမင်း၏ မျက်နှာဟာ တည်နေပြီး ဒေါသထွက်နေပုံပေါ်လေသည် ။

ဂျင်းဂျူ - " ဂျီမင်း ! နင်ဘာလုပ်တာလဲ
ငါ့လက်ကို လွှတ်ဦး  ... နာတယ် "

             ဂျီမင်း ထိုပျော်ပါးနေသော အုပ်စုနှင့် အတော်လေး အလှမ်းကွာလာကာမှ သူ(မ) ၏ လက်ကို လွှတ်ပေးလိုက်သည်။

ဂျီမင်း - " နင် ဒီမှာ ဘာလုပ်နေတာလဲ ? "

ဂျင်းဂျူ - " ဟဲ့ ! နင့်မေးတဲ့ လေသံနဲ့ မျက်နှာထားကလည်း ငါ့ကို ရည်းစားနဲ့ ပူးတွေ့လို့ ဒေါသထွက်နေတဲ့ ငါ့ အဖေကျနေရောပဲ
ဘာလုပ်ရမှာလဲ ... ကျောင်းပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ လျှောက်လည်တာပေါ့ "

ဂျီမင်း - " အဲ့တာဆို ပီတာကရော "

            ဂျီမင်းတစ်ယောက် ဒီရက်ပိုင်း အသည်းကွဲပြီး မျက်နှာညှိုးနေတတ်တဲ့ သူ့သူငယ်ချင်းလေး ပီတာ့ မျက်နှာကို ပြန်မြင်ယောင်မိပြီး ၊ အခုလို ဘာမှမဖြစ်ပဲ သူငယ်ချင်းတွေနဲ့ပျော်ပါး ရယ်မောနေတဲ့ ဂျင်းဂျူကို မြင်ရတာ ဒေါသထွက်မဆုံး ဖြစ်နေတော့သည်။ 

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now