chapter-8

6.4K 950 102
                                    

(Unicode)

" အဲ့ဒီနေ့က တိမ်ပြာပြာတွေရယ် ‌လေညှင်းသဲ့သဲ့ရယ် အကိုရယ် "

              မိုးသားတွေ ကင်းစင်နေတဲ့ ကောင်းကင်ပြာကြီး နဲ့ နေ့တစ်နေ့ရဲ့အစ ဆူဆူဖြိုးဖြိုး နဲ့ လုံးလုံးလေး ဖြစ်နေသော ချစ်စရာ ကောင်လေးရဲ့ ခြေလှမ်းတွေဟာ တက်ကြွနေခဲ့တယ် ။
ဒီနေ့ဟာ ဂျောင်ကုရဲ့ အလယ်တန်း ပထမနှစ် စတက်တဲ့နေ့ ၊ အမြဲတမ်း အားကျကာ ဝတ်ချင်ခဲ့သော ကျောင်းယူနီဖောင်း ရှပ်ဖြူဖြူလေးနဲ့ နက်ခ်တိုင်လ်လေး စည်း၊ ဘောင်းဘီ ခဲရောင်လေး တွဲ၍ ဝတ်ဆင်ကာ သူသည် မော်ဒယ် တစ်ယောက်လို ခံစားနေရတော့သည် ။ သို့သော် အခြားသူတွေ အမြင်‌မှာတော့ သူဟာ အုန်းသီးလုံးလေးလို ဆံပင်ကေ နှင့် ဖောင်းကားနေသော ပါးလေးတွေ ၊ အရှေ့ကို ပြူးထွက်နေသော ယုန်သွားလေး နှစ်ချောင်း ၊ ဖန်ဂေါ်လီ လုံးလေးတွေလို ကြည်ကာ လုံးဝန်းနေသော မျက်ဝန်းများ ၊ သူ၏ တစ်ကိုယ်လုံးဟာ မြင်တာနဲ့ အသည်းယားပြီး ဖြစ်ညှစ် ချင်စရာ‌ဖြစ်နေခဲ့‌သည် ။

                သူတက်သော မူလတန်း ကျောင်းနှင့် ယှဉ်ရက်စရာတောင် မရှိတဲ့ ရှင်းဘို့ အထက်တန်း ကျောင်းဝန်း အကျယ်ကြီးကို ကြည့်ကာ ဂျောင်ကု တစ်ယောက် ရင်တွေ စခုန်ခဲ့တော့သည် ။ ကျောမှာ ပိုးလွယ်ထားသော ကျောပိုးအိတ်၏ ပခုံးကြိုးကို ဆွဲတင်လိုက်ပြီး ကျောင်းဝန်းထဲသို့ စတင်ကာ ဝင်လာခဲ့တော့သည် ။ ကျောင်းရဲ့ အဝင်လမ်း အကျယ်ကြီးရဲ့ တစ်ဖက် တစ်ချက်စီ မှာ အတန်းလိုက် ရှိနေသော အပင်အိုကြီးများကြောင့် လမ်းတစ်လျှောက်ဟာ သစ်ရွက်လှုပ်သံ တစ်ရှဲရှဲ ‌နှင့် လေနုအေးလေးများ တိုက်ခတ်နေသောတော့ သည် ။ အပင်အကိုင်းအခတ်တွေကြားမှ ဟိုတစ်စက် ဒီတစ်ပျောက် ထိုးဖောက်ကာ ကျရောက်လာသော နေရောင်တွေက ကြယ်ပွင့်လေးတွေအလား ၊ ပထမဆုံး ကျောင်းတက်ရက်ပေမို့ ရင်ခုန်စိတ်လှုပ်ရှားခြင်းနှင့် အတူ ခြေလှမ်း တို့ကလည်း တက်ကြွနေခဲ့သည် ။
ဘေးနားမှ ဖြတ်သွားကြသော ကျောင်းသူ/သားတွေက သူနှင့်မတူ ၊ ကိုယ်စီ သူငယ်ချင်း အုပ်စုများ နှင့် ၊ စက်ဘီး များနှင့် ကျောင်းလာသော စီနီယာ အကို ၊အမ များကိုလည်း သူ လိုက်ကြည့်နေမိတော့သည် ။ ဂျောင်ကုတွင် တခြားသူများလို သူငယ်ချင်း မရှိ ၊ သူဟာ အေးဆေး ဆိတ်ငြိမ်တဲ့ ကလေး တစ်ယောက်ဖြစ်ပြီး အခြားသူများကိုလည်း သူ့ ကမ္ဘာထဲ လွယ်လွယ်နှင့် ပေးမဝင်သူဖြစ်သည် ။ သို့သော် သူ့မှာ သူငယ်ချင်းမရှိလည်း ပျော်နေသေး၏ ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now