chapter-12

6.1K 904 153
                                    

(Unicode)

" နေမမြင့်ပေမယ့်လည်း အရူးရင့်ရပါတယ် "

" ဟိုနေ့က အကို့ဆီက ခိုးသွား‌တဲ့ အနမ်းလေး ကျွန်တော် အခု ပြန်ပေးလို့ရမလား "

‌" ဟင် ..."

             ကျွန်တော်ဆိုလိုက်သည့် စကားကို နားမလည်နိုင်သေးပဲ အူကြောင်ကြောင်လေး ပြန်ကြည့်နေသော အကိုရဲ့ မျက်ဝန်းလေးတွေက တကယ်ကို အသက်ရှူမှားလောက်စရာ ၊ ပြီးနောက်မှာတော့ အကိုကတော့ တဖြည်းဖြည်းချင်း သဘောပေါက်လာပုံရပါတယ် ။
အံ့ဩရာမှ အနည်းငယ် ရှက်ရွံ့လာကာ မည်သို့ ပြန်ကာ တုန့်ပြန်ရမလဲဆိုသည်ကို သူမသိပဲ အခက်တွေ့နေပုံရပါတယ် ၊ လခြမ်းငယ်လို အကို့ရဲ့ မျက်ဝန်းအိမ်လေးတွေထဲက မျက်စံလေးတွေက မတည်ငြိမ်၊ ထူထူစိပ်စိပ် မျက်တောင်တိုလေးများက လှုပ်ခတ်သွားကြသည် ။

               အပြုအမူ တစ်ခုချင်းစီကို မြတ်နိုးရလွန်းလို့ အခြားသူတွေ သတိထားမိ ၊မြင်သွားကြမှာတောင် စိုးရွံ့ရပါတယ် ၊ ဖြစ်နိုင်ရင် ဒီလူသားလေးကို ရွှေကြုပ် ထဲထည့် ကျွန်တော့်နှလုံးသားနဲ့ အနီးဆုံးမှာ ရှိတဲ့ အိပ်ကပ်ထဲထည့်ပြီး သွားလေရာသာ ခေါ်ဆောင်သွားချင်တော့သည် ။

                 ခပ်ဖွဖွ ထိကာကိုင်ထားမိတဲ့ အကို့ရဲ့မျက်နှာလေးကို အရှေ့သို့ အနည်းငယ်ဆွဲကာ ၊ တိုက်ခတ်သွားတဲ့ လေပြေလေညှင်းနဲ့အတူ
ကျွန်တော့်ရဲ့ နှာခေါင်းထိပ်ဖျားလေးကို အကို့ရဲ့ နှာခေါင်းထိပ်ဖျားလေးထက် အသာပွတ်ကာ ဆွဲလိုက်မိသည်။

                 အကို စိတ်မဆိုးဖို့ အကြိမ်ကြိမ်ဆုတောင်းနေရင်းပေါ့ ၊ တကယ်ပါ မြတ်နိုးရလွန်းလို့ပါ ... ဒီလိုလေးမှ မဟုတ်ရင် ကျွန်တော်ဟာ ထိန်းမချုပ်နိုင်ပဲ အကိုထိခိုက်စေမယ့် အရာတစ်ခုခုကို လုပ်မိသွားမှာ စိုးလွန်းလို့ !

             အကိုဟာ မျက်နှာကို အရှေ့သို့ ဆတ်ကနဲ ပြန်လှည့်သွားလေ၏ ၊ ရဲရဲနီနေတဲ့ သူ၏ နားရွက်ဖျားလေးတွေကိုသာ ကျွန်တော် မြင်နေရတယ် ။

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now