chapter-15

6.1K 904 127
                                    

(Unicode)

" ကျွန်တော့်ရဲ့ ချွတ်ယွင်းချက် လေး "

" ကိုကို ! "

             ဂျီယွန်း၏ ခေါ်သံမှာ ပက်ခ်ဂျီမင်းသည် ခေါင်းကို ဆတ်ကနဲ လှည့်လိုက်ပြီး ပြုံးပြလိုက်သည်။ မနက်အစောကြီးမို့ ကျောင်းတွင် လူသိပ်မရှိသေး ၊ မနေ့ညက သူ ဂျောင်ကု အိမ်မှာ အိပ်ခဲ့သည်မို့ မနက်မိုးလင်းတဲ့အခါ သူ့အိမ်သို့တစ်ခါပြန်ကာ ကျောင်းသို့ပြန်လာဖို့က ဘယ်လိုမှ မဖြစ်နိုင် ၊ ဂျောင်ကု အိမ်နှင့် သူ့အိမ်က ဘက်စ်ကား နှစ်ဆင့်လောက်စီးရသည်အထိ ဝေးလေသည်။ 
ထို့ကြောင့် ကြံရာမရသည့်အဆုံးမှာ သူ့ညီမလေးကိုသာ လွယ်အိတ်နှင့် နာမည်ကဒ်ပြား ယူလာပေးဖို့ အကူအညီတောင်းပြီး ၊ သူကတော့ ဂျောင်ကု၏ မတော်မတန် ကျောင်းယူနီဖောင်း ငှားဝတ်ကာ ကျောင်းသို့ စောစောရောက်နေခဲ့သည်။

" မားမားကို ဘယ်လိုပြောထားခဲ့လဲ "

" မပူပါနဲ့ ညီမလေး ကိုကို ကျောင်းကိစ္စလုပ်စရာရှိလို့ မနက်အစောကြီးကတည်းက ကျောင်းသွားပြီလို့ပြောခဲ့တယ် "

             ဂျီယွန်းဟာ ဂျီမင်းလက်ထဲသို့ ‌လွယ်အိတ်ကို လှမ်းပေးရင်း ဂျီမင်းအနောက်မှာ ထိုင်နေသော ဂျောင်ကုကိုတစ်လှည့် ၊ ဂျီမင်း ကိုယ်ပေါ်မှာ အနည်းငယ် ကြီးကာပွယောင်းယောင်းဖြစ်နေသော ရှပ်အင်္ကျီ အဖြူကို တစ်လှည့်ကြည့်ကာ ပြုံးစိစိလုပ်နေတော့သည် ။
ထိုအကြည့်ကို ရိပ်မိသော ဂျီမင်းက သူ့ညီမ၏ နဖူးကို ခပ်ဖွဖွရိုက်ကာ ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည် ။

ဂျီမင်း - " လျှောက်တွေးမနေ‌နဲ့ !
မနေ့ညက ကိုကိုအိမ်ပြန်ဖို့ အရမ်းနောက်ကျသွားလို့ ! "

ဂျီယွန်း - " ဘယ်သူမှ မတွေးဘူး
ကိုကိုပဲတွေးနေတာ "

             ဂျီယွန်းက ပြောင်စပ်စပ်လုပ်ကာ ပြန်ပြောလေသည် ။

ဂျီမင်း - " ကျောင်းမသွားဘူးလား
နောက်ကျဦးမယ် "

ဂျီယွန်း - " ကိုကိုက ရက်စက်လိုက်တာ
ညီမလေးက ကိုကို့ကြောင့်အစောကြီး ထွက်လာခဲ့တာ အိမ်မှာ ဘာမှတောင်မစားခဲ့ရဘူး !
ဗိုက်ဆာတယ် "

" ကျွန်တော့်ညီမရဲ့ Crush က Gay တဲ့ ! " Where stories live. Discover now