အပိုင်း-(၄၉)

87.7K 8.4K 1.1K
                                    

"မောင်..."

သူ့လက်မောင်းကို ထိတို့ရင်းဆိုလာသော  ကောင်မလေးကြောင့် နံဘေးမှ အစ်ကို့ကို မသိမသာ လှမ်းကြည့်မိသည်။

"ဪ...Daisy ရုပ်ရှင်လာကြည့်တာလား?"

အစ်ကို့မျက်နှာတင်းသွားသည်ကို မျက်နှာလွှဲ၍ မေးတော့ ကောင်မလေးက ပြုံးရွှင်စွာ ခေါင်းညိမ့်ပြသည်။

"Daisy...ဒါ ငါ့ကောင်လေး"

အစ်ကို့ လက်မောင်းကို ဆွဲ၍ မိတ်ဆက်ပေးတော့ အစ်ကိုက အံ့သြစွာ ပြန်ကြည့်သည်။

"ဟယ်...မောင်က ဘယ်လိုလုပ်ကောင်လေးထားဖြစ်သွားတာလဲ ?"

"ဟဲဟဲ...ဒီလိုပါပဲ...အစ်ကို ဒါကျွန်တော့် EX ..Daisy တဲ့"

လွန်းက မိတ်ဆက်ပေးတော့ သူလည်း အူကြောင်ကြောင်ဖြင့် မျက်စိရှေ့မှ ခပ်ဟော့ဟော့ ကောင်မလေးကို ပြုံးပြလိုက်သည်။

"တစ်ချက်ခွင့်ပြုပါအုံး...ရုပ်ရှင်နောက်ကျနေပြီမို့လို့..."

ကောင်မလေးကို နှုတ်ဆက်၍ လင်းထက်သူလက်ကိုဆွဲကာ ရုံထဲသို့ ခပ်သွက်သွက်ဝင်ခဲ့လိုက်သည်။

"Ex သာပြောတာ...ကောင်မလေးက မောင် ကို ပါးစပ်ကမချဘူးနော်..."

နေရာမှာ ထိုင်ကာ ဆူပွပွနှင့်ပြောတော့ လွန်းအာကာက ခပ်တိုးတိုးရယ်၏။

"သူကအဲ့လိုပဲဗျ...."

မုန့်တွေပါ နေရာချရင်း ဘေးက လင်းထက်သူကို ကြည့်တော့ မျက်နှာကြီး တည်နေ၏။

သဝန်တိုနေတာပဲ...

ထိုင်ခုံတန်းပေါ်တင်ထားသည့် လင်းထက်သူ၏ လက်ကို အုပ်ကိုင်လိုက်တော့ သူ့ကို မျက်လုံးထောင့်ကပ်၍ ကြည့်လာသည်။

"လက်ကိုင်လို့ရတယ်မလား...အစ်ကို"

ရယ်ကျဲကျဲပြောလျက် စတင်လာသော ရုပ်ရှင်ကားကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။ လင်းထက်သူက သူ့ကို ခဏခဏခိုးကြည့်နေသည်ကို မသိချင်ယောင်ဆောင်ရတာကလည်း မလွယ်။ ရုပ်ရှင်ကြည့်လေ့မရှိသော်လည်း သူနှင့် Date ချင်သောကြောင့် လာကြည့်မှန်းသိသာစွာ ဇာတ်ကားအပေါ် စိတ်ဝင်စားမှုမရှိ။

Swamping with Intimacy(Season-1)Where stories live. Discover now