အပိုင်း-(၅၈)

74.3K 8K 2.2K
                                    

"အကို...ဒါ ပိုကောင်းတယ်...စားကြည့်..."

သူတစ်မွှာလောက် စားပြီးသော လိမ္မော်သီးကို လင်းထက်သူကို ထိုးပေးတော့ ဟိုက ပါးစပ်ဟပြသည်။

ခွံ့ကျွေးဆိုတဲ့သဘော....

လွန်းအာကာက သူတို့ ဘေး Sofa ၌ ရုပ်ရှင်ကြည့်နေသော ခန့်ဦးရှိန်ကို မေးဆတ်ပြလိုက်သည်။

"သူ့ဟာသူ ရုပ်ရှင်ထဲ မျောနေတာပါကွာ...သူမသိဘူး...ကျွေး..."

ပါးစပ်ဟ၍ ဆက်ပြောသည်မို့ လိမ္မော်သီးတစ်မွှာကို သူ့ပါးစပ်ထဲ ခွံ့ထည့်ပေးလိုက်သည်။

"ယွနေတာပဲ...နှစ်ယောက်သား တော်တော်ယွနေတာပဲ...."

ခန့်ဦးရှိန်တစ်ယောက် ရုပ်ရှင်ကြည့်နေရင်း တစ်ကိုယ်တည်းကြားရုံ တီးတိုးရေရွတ်လိုက်သည်။ သူရုပ်ရှင်ကြည့်နေသော်လည်း မျက်လုံးထောင့်မှ အကုန်မြင်နေရ၏။ ကျွတ်တစ်ချက်စုပ်သပ်၍ နာရီကြည့်လိုက်တော့ မနက် ရှစ်နာရီ။

သိုက် က မလာသေးဘူးလား။

"အာကာ..."

သူလှည့်၍ ခေါ်တော့ လင်းထက်သူကို လိမ္မော်သီးခွံကျွေးနေသော လွန်းအာကာက လန့်ဖျပ်ပြီး လိမ္မော်သီးကို ပစ်ချလိုက်သည်...

"ဘာ...ဘာလဲ"

"အာ....ငါ့ကိုလည်း ခွံ့ကျွေး..."

ပါးစပ်ကို အကျယ်ကြီးဟ၍ ပြောသည်မှာ ရှေ့သွားနှစ်ချောင်းပင် ပေါ်နေသည်။ လွန်းအာကာက သူ့ကို ရယ်တော့ ဘုကြည့်ကြည့်၏။

"ကျွေးလေကွာ...အာာာာ...."

"အွန်း....အွန်း..."

လိမ္မော်သီး တစ်လုံးလုံးကို အားဖြင့် ပါးစပ်ထဲထိုးထည့်တော့ ခန့်ဦးရှိန် မျက်လုံးပြူးသွားသည်။

ငါ-ိုးမသား....သူ့ဘဲကျ ကျွေးတာ ညင်ညင်သာသာ။

စိတ်ပျက်သလို ကြည့်ကာ ပါးစပ်ထဲမှ လိမ္မော်သီး အလုံးလိုက်ကို ဝါးစားရင်း TV ဘက် မျက်နှာပြန်လှည့်သည်။ ဟိုနှစ်ယောက်ကလည်း လိုင်းသုံးလိုက် ၊ တီးတိုးပြောလိုက် ၊ ရယ်လိုက် ၊ မောလိုက်နှင့် အားနာမှုကို မရှိ။

Third wheel ဖြစ်မဲ့အတူတူ တစ်ခါတည်း ဝင်နှောက်မှ....

"အာကာ....ငါလည်း ကြည့်ချင်တယ်...."

Swamping with Intimacy(Season-1)Where stories live. Discover now