အပိုင်း-(၅၀)

83.1K 8.2K 806
                                    

"ကိုကြီး...ရေသောက်.."

ဘေးနားမှ ရေဘူးကို ခန့်ဦးရှိန်ဆီ ကမ်းပေးလိုက်တော့ ကျေးဇူးတင်စကားဆို၍ မော့သောက်သည်။ ကိုယ့်အကိုအရင်းခေါက်ခေါက်၏ ချစ်ရသူဟူသော အသိကြောင့် မင်းထက်က ဦးရှိန်ကို သေသေချာချာ စိုက်ကြည့်မိ၏။

ချောရက်လိုက်တာ...ကိုကြီးနဲ့တောင် မတန်ဘူး....

ကလေးတွေနဲ့ ဘောလုံးကန်နေသော မင်းဆက်နှင့် ယှဉ်ကြည့်၍ စဉ်းစားလိုက်သည်။

ဘောလုံးကန်လို့မော၍ ခန့်ဦးရှိန် ခဏနားချိန်မှသာ ကလေးတွေက မင်းဆက်နှင့် ဝင်ကန်ရသည်။ ယခုတော့ ဘောလုံးကွင်းထောင့်က ခပ်လျှောလျှော အုတ်ကြမ်းပြင်မှာ သူနဲ့ မင်းထက် စကားပြောနေကြသည်။

"မင်းအစ်ကိုမှာ ရည်းစားရှိလား?"

သူသိတာကို မရိပ်မိသောကြောင့် မေးနေခြင်းဖြစ်မည်။

"ရှိတယ်ထင်တာပဲ...."

"မင်းက ဘာလို့ အဲ့လိုထင်တာလဲ?"

ကောင်လေးက တစ်ချက် တွေးတောနေသလို ပြုပြီးမှ...

"ကိုကြီးက တစ်ခါတလေ တစ်ယောက်ယောက်နဲ့ chat နေရင် အကြောင်းရင်းမရှိ ပြုံးစိစိ လုပ်နေတတ်တယ်။ ပြီးတော့ သူ့ရည်းစားနေမှာပေါ့ ဖုန်းလာရင်လည်း ခြံထဲဆင်းပြီး မြက်ပင်တွေ နှုတ်နေရင်း ပြောတာ..."

"ဟင်...မြက်ပင်တွေ နှုတ်တယ်"

ထူးဆန်းသလို မျက်လုံးဝင့်၍ မေးတော့ မင်းထက်က ပြုံးလျက် ခေါင်းညိမ့်သည်။

"တစ်ပင်ပြီး တစ်ပင် ဆွဲဆွဲနှုတ်တာနော်...သူအသည်းယားလို့ နေမှာပေါ့"

ရဲတက်သွားသော မျက်နှာနှင့်အတူ ခန့်ဦးရှိန်က သွားစွယ်ဖွေးဖွေးလေးများ ပေါ်သည်အထိ ရယ်မိပါသည်။

"ကိုကြီးက သူ့ရည်းစားကိုတော့ တအားချစ်တာဗျ...."

ခေါင်းငုံ့သွားသော မျက်နှာကို အတင်းလိုက်ကြည့်ရင်း ဆိုတော့ ခန့်ဦးရှိန် ရိပ်မိသွားပြီး ပိုရှက်လာသည်။

"မအေ-ိုး....မင်းသိတယ်ပေါ့"

ခေါင်းကို ဆတ်ခနဲရိုက်ပြီး မေးတော့ ရယ်သံလွင်လွင်လေးက တခစ်ခစ်။

Swamping with Intimacy(Season-1)Where stories live. Discover now