အပိုင်း-(၅၉)

72.4K 7.6K 1.3K
                                    

"ဘယ်လောက်လဲ?"

ပျော့ပျော့အိအိ ကစားသည့်နေရာအထဲကို လှမ်းကြည့်ရင်း ခပ်တည်တည်မေးတော့...

"ဟို...လူကြီးတွေ ဝင်လို့မရပါဘူး..."

ကစားကွင်းစောင့်သည့် ကောင်မလေးက ကြောက်ရွံ့ဟန်နှင့် တုန်တုန်ယင်ယင်ပြောသည်။

"ဘာ...လူကြီး?"

အခု သူ့ကို လူကြီးလို့ပြောလိုက်သည်လား။
အသက် သုံးဆယ်တောင် မပြည့်သေးသည့် လူပျိုအရွယ်လေးကိုလေ....။ အင်....သူက လူပျိုတောင် မဟုတ်တော့ဘူးပဲ...။

"တစ်ယောက် ဝင်ကြေးဘယ်လောက်လဲ?"

Wallet ကိုထုတ်ရင်း မေးတော့ ကောင်မလေးက သူ့ကို မော့ကြည့်လျက် လက်ညိုးလေးထောင်ကာ.....

"ကလေးတစ်ယောက်ကို တစ်ထောင်ပါရှင်..."

"ငါဝင်မယ်...ငါးထောင်ယူလိုက်..."

ငါးထောင်တန်ငွေစက္ကူတစ်ရွက်ကို ကောင်မလေးလက်ထဲ ဆောင့်ထည့်ပေး၍ ဇွတ်ဝင်သွားသည်။ အထဲရောက်တော့ သူတစ်ယောက်တည်း လူကြီးဖြစ်နေ၏။ ဆယ်ကျော်သက်အရွယ်တောင် မပါသော ကလေးပေါက်လေးတွေက ပျော့ပျော့အိအိအနှံ့တပျော်တပါး ဆော့နေကြသည်။

"ဖယ်စမ်း...."

ပျော့အိအိမြင်ရုပ်ကိုစီးနေသော ကလေးတစ်ယောက်ကို ခပ်မာမာဟောက်တော့ သူ့ကိုလန့်ပြီး ထွက်ပြေးသည်။ ခန့်ဦးရှိန် ရှုတည်တည်ဖြင့် မြင်းရုပ်ပေါ်တက်ခွ၍ ကိုယ်ကို ရှေ့တိုးနောက်ဆုတ်ရွှေ့ကြည့်သည်။

"မိုက်လိုက်တာ...."

ပြုံးဖြဲဖြဲပြော၍ မြင်းစီးသလို အရုပ်ခေါင်းကိုင်ပြီး လှုပ်ယမ်းဆော့နေလိုက်သည်။

တကယ်တော့ သူသိုက်ကို စိတ်ဆိုးခြင်းမဟုတ်။ စိတ်လက်မာန်ပါလုပ်တတ်သည့် အကျင့်ကြောင့် လွန်သွားမှန်းသိသည်။ အဓိကက သူ့ကိုအော်၍ စိတ်မကောင်းဖြစ်သွားခြင်းပင်။ ခြေဗလာနှင့်သာ လျှောက်လာသောကြောင့် နီးရာကစားစရာတစ်ခု ဝင်ဆော့ရန် ဆုံးဖြတ်ခဲ့သည်။

Swamping with Intimacy(Season-1)Where stories live. Discover now