အပိုင်း-(၅၃)

77.2K 8.5K 1.7K
                                    

"ကျွန်တော့်ကို ထားခဲ့လိုက်ပါတော့ဗျာ...."

နှုတ်ခမ်းထောင့်စွန်းမှ ပေနေသော ဆန်ပြုတ်နှစ်များကို Tissue ဖြင့်ဖိသုတ်ရင်း လင်းထက်သူက ပြုံးသည်။

"ဘာတွေပြောနေတာလဲ...ဒီကောင်လေးကတော့...."

"ကျွန်တော်နဲ့တွေ့တာ အစ်ကိုကံဆိုးတာပဲ..."

မာဆတ်ဆတ်ပြောနေသော်လည်း မျက်ဝန်းထက်တွင် အရည်ကြည်တို့က ဝေ့ဝိုင်းနေ၏။

"ကံဆိုးတာမဟုတ်ဘူး....အစ်ကိုက ကံကောင်းတာ....မင်းနဲ့တွေ့မှ အစ်ကိုက အချစ်ကို ခံစားဖူးတာ...မင်းက အစ်ကို့အတွက်တော့ ဘုရားက ပေးတဲ့ လက်ဆောင်လေးပဲ..."

ခေါင်းလေးကို အုပ်ကိုင်ရင်းပြောတော့ ဖြူဖျော့ဖျော့ နှုတ်ခမ်းသားများက တုန်ယင်လာသည်။

"ခုတလော ယင်းထချိန်တွေနည်းလာပြီ...နောက်တစ်ပတ်လောက် တောင့်ခံလိုက်ရင် သက်သာသွားမှာ...မင်းကို ကုပေးနေရတာနဲ့တင် အစ်ကိုပီတိဖြစ်ပါတယ်..."

ပီတိဖြစ်တဲ့သူက အမြဲတမ်း ငိုထားသလို မျက်သားတွေနီရဲနေစရာလား။

"ကျွန်တော် ပင်ပန်းတယ်အစ်ကို...မကုပေးတော့ဘဲ ဒီတိုင်းပဲ ပစ်ထားလိုက်ပါတော့လား..."

"ကိုယ့်ချစ်သူကိုမှ ပျောက်ကင်းအောင် မကုသနိုင်ရင် အစ်ကိုဆရာဝန်မလုပ်တော့ဘူး လွန်း...."

လင်းထက်သူက ကုတင်ပေါ်မှာ ထိုင်နေသော လွန်းအာကာနားသို့ တိုးကပ်လိုက်သည်။ ပုခုံးစွန်းကို လက်ဖြင့် လှမ်းဖက်ကာ ပျော့ဖတ်ဖတ်ကောင်လေးကို သူ့ရင်ခွင်ထဲထည့်ထား၏။

"ကျွန်တော်က တကယ် စိတ်ပျက်စရာကြီး..."

"မင်းအဲ့လိုတွေ ဆက်ပြောနေမယ်ဆိုရင် အစ်ကို မင်းကို ဖက်နမ်းတော့မှာ...."

မော့ကြည့်လာသော မျက်ဝန်းဝိုင်းဝိုင်းလေးများက မတောက်ပသော်လည်း မမှိန်ဖျော့။ သူရယ်ပြီး ပြန်ကြည့်လိုက်တော့ လွန်းအာကာက ခေါင်းငုံ့၍ ပြုံးသည်။

"အစ်ကို...အမွေဖြတ်ခံထားရတယ်ဆို..."

"ဘယ်လိုသိ?"

ကောင်လေးက အိပ်ခန်းအလယ်ရှိ ဖန်စားပွဲပေါ်က သတင်းစာကို မေးဆတ်ပြသည်။

Swamping with Intimacy(Season-1)Where stories live. Discover now