အပိုင်း-(၅၄)

85.5K 8.3K 3.7K
                                    

(Mature scenes alert)

ကျောပေး၍ ဖုန်းသုံးရင်း လှဲနေသူကို ခပ်ညုညုခေါ်တော့ ပြန်စကားက မလာ။ အရင်နေ့များဆို အဖျားကူးမယ်ပြောလဲ သူ့ကို အတင်းအကြပ် လာလာဖက်အိပ်တတ်သည်။ ခုတော့ဖြင့် အဖတ်တောင် မလုပ်။

တကယ် စိတ်ကောက်နေတာပဲ။

"ဘာတွေကြည့်နေတာလဲဟင်?"

အနားကပ်၍ ပုခုံးစွန်းလေးကို မေးတင်ပြီး ကိုကို့ ဖုန်း screen ကိုလိုက်ကြည့်တော့ Facebook က ဟာတွေ လျှောက်ကြည့်နေသည်ကို တွေ့ရသည်။

"ဖယ်ကွာ...ပူတယ်"

နှစ်ယောက်အိပ်ကုတင်အကျယ်ကြီးကိုမှ ဘေးစွန်းမှာ တစ်စောင်းလှဲနေသော သူ့နားပဲ လာကပ်နေခြင်းမို့ ကိုကိုက စိတ်ရှုပ်စွာ။

"ဒါဘယ်သူကြီးလဲ...သိလို့လား...react တွေသွားပေးနေတယ်..."

Care react နှိပ်ထားမိသော ကောင်လေးတစ်ယောက်၏ post ကို ပြန်ဖိဆွဲကာ react ဖြုတ်နေသဖြင့် ဒေါသထွက်ထွက်နှင့် မျက်စောင်းထိုးကြည့်လိုက်သည်။

အချိန်နေအချိန်ခါမသိ ၊ သဝန်တိုနှမြောနေသည်က စိတ်ပြေချင်စရာတစ်စက်မှမရှိ။

"ကိုကို...ကျွန်တော့်ကို မသနားဘူးလား...ဖျားနေတယ်လေ...စိတ်မဆိုးပါနဲ့တော့...ကျွန်တော်ကိုကို့ကို အော်တာမဟုတ်ပါဘူး...စိတ်ပူလို့ပြောရင်း အားပါသွားတာဗျ"

မင်းဆက်က သူ့လက်မောင်းကို ဖက်တွယ်ကာ ဝမ်းနည်းပနည်း ပြောနေသည်။ နှာခေါင်းချွန်ချွန်လေးနှင့် လက်မောင်းက Tattoo တွေကို ထိုးပွတ်တော့ ခန့်ဦးရှိန်မှာ တွန့်ခနဲ...

"အဲ့လို ပွတ်သီးပွတ်သပ်ကြီးတွေ မလုပ်နဲ့လို့..."

ကြက်သီးထပြီး ပြောကာမှ အတင်းသိုင်းဖက်လာသည်။

"အဲ့ဆို စိတ်ဆိုးပြေပြီလား?"

"အေးအေး...ပြေပြီကွာ..."

နေမကောင်းဖြစ်နေသည်မို့ မရစ်ချင်၍ အလျော့ပေးလိုက်ပါလျှင် သိုက်က အားရစွာ ပြုံးသည်။ ထို့နောက် နမ်းရှိုက်ခြင်းမရှိသော်လည်း ခပ်တင်းတင်းဖက်၍ သူနှင့်အတူဖုန်းလိုက်ကြည့်နေသည်။

ဟိုဟာပြောလိုက် ဒီဟာပြောလိုက်နှင့် တအောင့်လောက်အကြာ.....

"ကိုကို...."

Swamping with Intimacy(Season-1)Where stories live. Discover now