အပိုင်း-(၆၉)

66K 7.2K 942
                                    

"အမယ်လေး...သား!!!"

ဒေါ်မြတ်သူ၏ အလန့်တကြားတားမြစ်သံကြောင့် အခန်းထဲမှ မင်းထက်က ပြေးထွက်လာသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မှာ ပါးစပ်အဟောင်းသား။

သူ၏ ကိုကြီး။

တစ်နည်းအားဖြင့် သူ့စံပြပုဂ္ဂိုဟ် က ဖအေဖြစ်သူကို ရှပ်ကော်လံမှ ဆောင့်ဆွဲ၍ နံရံမှာ တွန်းကပ်ထားသည်။ အုပ်မိုးထားသော အရပ်ကြီးနှင့် ရဲတွတ်သော မျက်လုံးများဟာ စိတ္တဇလူသတ်သမားတစ်ယောက်နှင့်ပင်တူသည်။

ဦးသိုက်ညွှန့် တအံ့တသြပြန်ကြည့်ကာ...

"မင်းလွှတ်စမ်း..."

"သားရယ်...မင်းအဖေလေ...အဲ့ဒါ...လွှတ်ပါအုံး...သားကြီးရယ်..."

ဒေါ်မြတ်သူက မင်းဆက်၏ လက်များကို ငိုရှိုက်နေလျက်ပင် ဆွဲဖယ်သော်လည်း ဖြုံတောင်မဖြုံ။

တကယ်တော့ သူတို့အိမ်မှာ အသန်မာဆုံးယောက်ျားသားဟာ မင်းဆက်ပဲမဟုတ်လား။ ဇရာ၏ နှိပ်စက်ဒဏ်ကြောင့် ဦးသိုက်ညွှန့်ဟာ အားနည်းနေသလို ခန္ဓာကိုယ်ထွားသော မင်းထက်မှာလည်း မင်းဆက်နှင့်ယှဉ်လျှင် ပမွှားလေးသာဖြစ်သည်။

ထွားကျိုင်းသည့် ကိုယ်နှင့် မြင့်မားလှသော အရပ်ကြောင့် စိတ်တိုနေပုံက ဘီလူးတစ်ကောင်လို ကြောက်စရာကောင်းလာသည်။

"ခင်ဗျား!!!!ခင်ဗျား!!!!"

တစ်ကိုယ်လုံးတုန်ရင်နေကာ နီရဲနေသော မျက်နှာကြီးနှင့် သွားကြားထဲမှ ထွက်လာသော ကျိန်းမောင်းသံ။ မင်းဆက်သည် အသက်ရှုဖို့ ခက်ခဲလျက်ရှိသော ရင်ကျပ်လူနာတစ်ယောက်ကဲ့သို့ မောဟိုက်နေသော်လည်း သူ့ထက် အသက်နှစ်ဆလောက်ကြီးသော လူကြီးတစ်ယောက်ကို အေးဆေး ဖိချူပ်နိုင်သည်။

"သားငယ်ရယ်....ဝင်ဆွဲပါအုံး....ဘာတွေဖြစ်နေကြတာလဲ..."

အကိုဖြစ်သူရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူး၍ ကျောက်ရုပ်လိုတောင့်နေသော ကောင်လေးကို ဒေါ်မြတ်သူ သတိပေးသလို လှမ်အော်မှ အသိဝင်လာသည်။

"ကိုကြီး...ပါးစပ်နဲ့ပြောပါ..."

ကြောက်ကြောက်လန့်လန့်နှင့် သူ့အကို၏လက်ကို အတင်းဆွဲဖယ်တော့ စူးခနဲပြန်ကြည့်သည်။

Swamping with Intimacy(Season-1)Where stories live. Discover now