အပိုင်း-(၁၃)

90.8K 10.2K 641
                                    

Luggage ထဲမှ သူနှင့် စိမ်းနေသော ပစ္စည်းများကို လင်းထက်သူ တစ်ချက် ကြည့်လိုက်သည်။ သူများရဲ့ personal မလို့ ဖွင့်မကြည့်သင့်သော်လည်း ဆက်သွယ်စရာ တစ်ခုခုတော့ ရှာရမည်။ သေချာစီခေါက်ထားသော အင်္ကျီများမှာ ခုတလော trend ဖြစ်နေသည့်  Oversize ၊ Hoodie ၊ Vest နဲ့ Pants အတိုအရှည်များ။ ခု ခေတ်ကလေးတွေက ဒီလိုမျိုးတွေ တော်တော်ဝတ်ကြတာပဲ။ ပုဆိုးဟူ၍ တစ်ထည်၊ နှစ်ထည်သာ တွေ့ရသည်။

အင်္ကျီတန်းဘေးက စီထားသော စာအုပ်များကို ကြည့်ပြီး လင်းထက်သူ ခွီ ခနဲ ရယ်ချမိသည်။ 18+Romance book များ၊ Warning ပေးထားသော BL fiction စာအုပ် များနှင့် rated novel များက နေရာတကျ။ BL ချည်းပဲ Eng sub နှင့်ရော Myan sub နှင့်ပါ 5 အုပ်လောက်ရှိပြီ။ ကျန်သည့် normal များက 3 အုပ်လောက်။ ယောက်ျားလေးဆိုတာ နားလည်ပေမဲ့ ရုပ်လေးက မထင်ရက်စရာလေးမလို့ ဒီလောက်ကြီးထိကို သူမတွေးထား။

လေယာဉ်ပေါ်မှာ လူကြီးဆန်ဆန်စကားပြောခဲ့သည့် လွန်းအာကာ ကို ပြန်မြင်ယောင်ပြီး အူလှိုက်သည်းလှိုက် ရယ်မိသည်။

"တကယ့်ကောင်ကွာ!"

ပုံစံကြည့်ရတာ ဒီကောင်လေးက Bisexual လား Fudanshi လားတော့ မသိ။

နောက်ထပ် နည်းနည်းရှာကြည့်တော့ စာအုပ်တွေဘေး အိတ် လိုင်းနားမှာ ကပ်ထည့်ထားသည့် condom တွေက အထုပ်လိုက်။ လူငယ်ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပါ ဟု သူဖြည့်တွေးသော်လည်း ရယ်ချင်နေမိသည်။ စီးကရက် သုံးလေးဗူးသာ ထပ်တွေ့၍ သူ လိုနေသော Business card ဘာညာ မရှိတော့။

ဖုန်းနံပါတ်ကလည်း မရှိသည့်အတွက် လင်းထက်သူ အကြပ်ရိုက်သွားသည်။ Facebook ကနေပဲ ရှာလိုက်ရင်ကောင်းမလား။

ကြာကြာတွေးမနေတော့ဘဲ Fb ထဲဝင်ကာ search bar တွင် Loon Arkar ဟု ရိုက်နှိပ် ရှာကြည့်လိုက်သည်။

တွေ့ပါပြီ...အမှောင်သခင်ကြီးကို။

သူ့ acc က ထိပ်ဆုံးက ပေါ်နေလျက်။ လင်းထက်သူလည်း ခင်မင်နေတာကြောင့် ချက်ချင်း add လိုက်မိသည်။

ထို့နောက် Acc ထဲဝင်ကြည့်စဉ် profile မှ shopping center တစ်ခုတွင် sun glasses ဖြင့် ပြုံးပြနေသည့် ကောင်လေးကို သူတန်းမှတ်မိသွားသည်။ ပုံတိုင်းကလည်း react K ကျော်နေသည်မို့ cele ဖြစ်မည်။

Swamping with Intimacy(Season-1)Where stories live. Discover now