အပိုင်း-(၆၁)

72.9K 7.5K 1.7K
                                    

"ကိုကြီးခန့်...လာ....ကျွန်တော့်အခန်းထဲ သွားမယ်...."

"မင်းထက်...လူကြီးတွေနဲ့ စကားပြောနေတယ်လေ..."

အလိုက်ကန်းဆိုးမသိ လာဆွဲခေါ်သော ကောင်လေးကို မင်းဆက်ခပ်ကြိတ်ကြိတ်ဆူလိုက်တော့ မျက်နှာလေး ညိုးငယ်သွားသည်။ မေကြီးက သဘောတကျပြုံးကာ...

"ခေါ်သွား...ခေါ်သွား...သားငယ်ကလည်း ဦးရှိန်လေးကို ခင်တယ်ထင်တယ်..."

ခန့်ဦးရှိန်က ဒေါ်မြတ်သူကို ခေါင်းညိမ့်နှုတ်ဆက်ပြီး မင်းထက် လက်ဆွဲခေါ်ရာနောက် ခပ်သွက်သွက်လိုက်သွား၏။ လည်ကုပ်ဖြူဖြူထက်မှာ ထင်းနေသော ပင့်ကူအိမ် Tattoo ကို ဦးသိုက်ညွှန့် မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

"မင်းသူငယ်ချင်းကလဲ အချိုးမပြေလိုက်တာကွာ..."

ဖေကြီးက မကျေနပ်စွာဖြင့် ကျွတ်တစ်ချက်စုပ်သပ်ပြောရင်း တပ်ထားသော မျက်မှန်ကိုဆွဲချွတ်သည်။

"သူက တစ်ဦးတည်းသောသားဆိုတော့ အလိုလိုက်ခံထားရလို့ သိပ်စကားပြောမတတ်တာပါ ဖေကြီး..."

"Tattoo တွေကလည်း အပြည့်နဲ့....သိုက်မင်းဆက် မင်းက အသက်ကြီးလာတော့ မိဘစကားကို မရှိတော့သလိုကို သဘောထားလိုက်တော့တာပဲ..."

ခပ်မာမာပြောရင်း သတင်းစာကို ဆောင့်ဆွဲယူကာ အပြင်ထွက်သွားသည်။ ဆိုလိုသည့် သဘောကို သိတာမို့ မင်းဆက် စိတ်မကောင်းဖြစ်ရသည်။ မေကြီးက သူ့ကျောကို ခပ်ဖွဖွပွတ်ရင်း နှစ်သိမ့်ပေးရှာ၏။

"မင်းဖေကြီးကတော့ သိတဲ့အတိုင်း....လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်နေကျပဲ သားရယ်....စိတ်မခုပါနဲ့...."

သက်ပြင်းကို ခပ်လေးလေးချရင်း ခေါင်းညိမ့်ပြလိုက်သည်။ ကိုကို့ကို ဖေကြီး အမြင်ကြည်သည့်ပုံ လုံးဝမရှိ။ ခုလည်း မမြင်ချင်လို့တောင် အိမ်အပြင်ထွက်သွားသည် မဟုတ်လား။

____________________

"ကိုကို...ဒါကျွန်တော့်အခန်း...."

သူ့အခန်းတစ်ဝက်လောက်သာ ရှိသော်လည်း ယောက်ျားလေးတစ်ယောက်အနေနှင့်တော့ အတော်အသင့်ကျယ်ဝန်းသည်။ ထူးဆန်းသည်က ရှင်းလင်းသန့်ပြန့်နေကာ ဖုန်ဟူ၍ တစ်စက်တလေ မရှိ။

Swamping with Intimacy(Season-1)Where stories live. Discover now