အပိုင်း-(၅၁)

81K 8.1K 352
                                    

"ကိုကို...."

မီးဖိုခန်းထဲတွင် ကိုလွန်းအာကာအတွက် ဆန်ပြုတ်ပြုတ်နေသော မင်းဆက်၏နောက်ကျောကို ကိုကိုက လာမှီချသည်။ ကိုအာကာ၏ ပုံစံကို မြင်လိုက်ရ၍ သူပါ စိတ်ထောင်းသွားခြင်းဖြစ်သည်။

ကိုကိုက မင်းဆက်၏ ခါးကို တင်းတင်းဖက်၍ ပုခုံးပေါ်တွင် ခေါင်းထိုးလျက် မျက်ရည်ကျနေသည်။

မင်းဆက် ဆန်ပြုတ်အိုးကို ပိတ်လိုက်ပြီး သူ့ဘက်သို့ ဖြည်းဖြည်းလှည့်တော့ ခေါင်းကိုအတင်းငုံ့ထား၏။

"အရမ်းစိတ်မကောင်းဖြစ်နေတယ်မလား?"

ပါးပြင်ကို လက်ဖဝါးဖြင့် ညင်သာစွာပွတ်ရင်း မေးတော့ ဘာမှမဆိုဘဲ ခေါင်းညိမ့်သည်။ သူ့ရင်ခွင်ထဲဆွဲသွင်း၍ ကျောပြင်ကို ပွတ်ပေးနေတော့ ငြိမ်လျက်သား။

"ကျွန်တော်နဲ့ ကိုလင်း အကောင်းဆုံး ကြိုးစားပေးမယ်...ကိုအာကာ ဘာမှမဖြစ်စေရဘူး..."

ခန့်ဦးရှိန်လိုလူမျိုးက သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ မျက်ရည်ကျလျက် တသိမ့်သိမ့်ရှိုက်နေပြန်တော့ မင်းဆက် ရင်ထဲနင့်ရသည်။

"ကိုကိုဝင်သွားတော့လေ...အာ...အာကာက Bathtub ထဲမှာ နစ်ပြီးမေ့နေတာ....ပြီးတော့...ပြာနှမ်းနေတာပဲ"

သူ့ကျောကို ပွေ့ဖက်ကာ တုန်တုန်ယင်ယင် ပြောလာသည်ကို ခေါင်းညိမ့်ထောက်ခံလိုက်သည်။

"ဘာမှမဖြစ်ဘူး...ကိုကို...ကျွန်တော်တို့ရှိတယ်"

လူတွေအများကြီးကို ပြာနှမ်းနေအောင် ရေနှစ်ဒဏ်ပေးဖူးသည်။ သွေးချင်းချင်းနီအောင် ရိုက်နှက်ဖူးသည်။ သွေးခြေဉ အတွင်းကြေအောင် ကန်ကျောက်ဖူးသည်။...ဒီလိုလူက...သွေးသားရင်းချာလိုသူ၏ အနေအထားတစ်ခုကြောင့် အကြီးအကျယ်သွေးပျက်နေရပြီ။

ကိုယ်ခံစားဖူးမှ သိ ဆိုတာ ဒါကိုပြောသည်လား။

ဒါတောင် လွန်းအာကာ ဖြစ်ခဲ့သည်က သူလုပ်ခဲ့တာတွေနှင့်ယှဉ်ရင် ပမွှားလေးသာ။

______

"သိုက်...မင်းငါ့အိမ်မလာနဲ့တော့...အာကာ သက်သာသွားတဲ့ထိ ငါဒီအိမ်မှာပဲနေလိုက်မယ်....မင်းလည်း ငါနဲ့အတူအိပ်ချင်ရင် ဒီမှာလာအိပ်"

Swamping with Intimacy(Season-1)Where stories live. Discover now