အပိုင်း-(၅၆)

77.2K 8K 1.5K
                                    

"ဘာလဲကွာ...ငါ-ိုးမ...အင်..."

တံခါးဖွင့်ရင်း အော်ဆဲလာသော ခန့်ဦးရှိန်ကို မြင်၍ ဒေါ်မြနှင်းပွင့် ကြောင်,အ သွားသည်။ လင်းထက်သူကို တစ်လှည့် ၊ ခန့်ဦးရှိန် ကို တစ်လှည့် ကြည့်ကာ....

"ဒါ...ဒါသားကောင်လေးလား?"

စွပ်ကျယ်အဖြူနှင့် ပုဆိုးကို မနိုင်မနင်းမ၍ ဝတ်ထားကာ Tattoo အပြည့်ဖြင့် ကောင်လေးက ချောပေမဲ့ ကြောက်စရာကောင်းသည့် အငွေ့အသက်များကို တွေ့ရသည်။ ဖရိုဖရဲနှင့် ပါးစပ်မှလည်း ဆဲရေးတိုင်းထွာနေသောကြောင့် ဒေါ်မြနှင်းပွင့် အထစ်ထစ် အ အအ မေးမိခြင်းဖြစ်သည်။

"မဟုတ်ပါဘူး...မေမေရဲ့...ဒါသူ့သူငယ်ချင်း...ခန့်ဦးရှိန်တဲ့...သားချစ်သူက အထဲမှာ..."

ဘာတွေဝါးနေမှန်းမသိ ဝါးနေသည့် ခန့်ဦးရှိန်က သူမကို ပြုံး၍ ထောင့်မကျိုးစွာနှုတ်ဆက်သည်။

"ဆာဝါဒီခရပ်...အန်တီ...အာကာရေ...ဒီမှာ မင်း ယောက္ခမကြီး ရောက်နေတယ်"

အော်ကြီးဟစ်ကျယ်ပြော၍ သူ့ပုဆိုးစွန်တောင်စကြီး ကိုင်ကာ အထဲပြန်ဝင်သွားသည်။ ပုဆိုးလည်း ဝတ်တတ်ပုံမရ ၊ ဝတ်စရာမရှိလို့ တွေ့ရာ ဝတ်ထားတာဖြစ်မည်။

အမယ်လေး...တော်ပါသေးရဲ့.....

ဒီအဆိုးသာ လင်းထက်သူ၏ ချစ်သူဆိုလျှင် သူမ နေရာမှာပင် သွေးတက်လဲနိုင်သည်။

သူတို့နှစ်ယောက် အထဲ ဝင်သွားသော Sofa မှာ ထိုင်နေသည့် ကောင်လေးက မတ်တပ်ရပ်လာသည်။

"နှုတ်ဆက်လိုက်...ဒါအကို့အမေဒေါ်မြနှင်းပွင့်...မေမေ ဒါကျွန်တော့်ရဲ့ လွန်း..."

ခေါင်းငုံ့နှုတ်ဆက်လာသော ကောင်လေးကို ဒေါ်မြနှင်း ပြုံးပြလိုက်သည်။ အရင်က တစ်ခါလောက်မျှသာ မြင်ဖူးသော်လည်း အဝေးကမို့ သိပ်မမှတ်မိတော့။ ခု သေချာကြည့်မှ ကောင်လေးက ချောခန့်နေသည်မှာ ထိရက်စရာပင်မရှိ။ လင်းထက်သူက ကလေးတစ်ယောက်လို ပြောဆိုနေ၍ နုနုဖတ်ဖတ် သေးသေးကွေးကွေးလေးထင်ခဲ့တာ။ ခု မြင်ရသည့် လွန်းအာကာက ထင်ထားတာနှင့် တခြားစီ။ မြင့်မားသည့် အရပ်ကြီးက လင်းထက်သူထက် မသိမသာလေးသာ နိမ့်သည်။ နားထင်ပါးထားကာ အရှေ့မှ သပ်တင်ထားသော ဆံပင်များကြောင့် ရှိရင်းစွဲရုပ်ရည်ထက်ပိုခန့်နေ၏။ မျက်လုံးတောက်တောက်များနှင့် လိုက်ဖက်စွာ နှုတ်ခမ်းပါးလျလျက သွေးရောင်ထနေသည်၊

Swamping with Intimacy(Season-1)Место, где живут истории. Откройте их для себя