အပိုင်း-(၆၂)

65.7K 7.2K 569
                                    

လင်းထက်သူ၏ အိမ်ပြတင်းပေါက်မှတစ်ဆင့် မျက်စိတစ်ဆုံးရှိနေသော ရှုခင်းအလှကို သူ ငေးမောနေမိသည်။ လေတဖြူးဖြူးတိုက်ခတ်နေသော်လည်း သူ့တွင် မအေးချမ်းနိုင်။

"အစ်ကို..."

နောက်က ထွေးပွေ့လာသော လင်းထက်သူက သူ့ပုခုံးပေါ် ခေါင်းတင်လာ၏။

သူကလောကို စရောက်တော့ အဖေက အစပိုင်းသဘောမကျ။ ခပ်တည်တည်နှင့် အပိုအလိုမရှိသာ စကားပြောသည်။ နောက်ပိုင်း လင်းထက်သူ စိတ်မဝင်စားသော စိုက်ခင်း ကိစ္စတွေကို သူကူလုပ်ပေးဖြစ်သည်။ မူးယစ်ဂိုဏ်းကို ဦးစီးနေရသော်လည်း လွန်းအာကာက စီးပွားရေးမှာ စိတ်ဝင်စား၏။

စည်းစနစ်ကျ၍ လုပ်တတ်ကိုင်တတ်သောကြောင့် အချ်န်ခဏလေးအတွင်းမှာ အဖေက အမြင်ကြည်လာသည်။ သဘောမတူလို့လည်း မရတော့လေ။

"အဖေကလေ အစ်ကို့ကို အမွေဖြတ်ထားတုန်းပဲလား?"

လွန်းအာကာ အရဲစွန့်၍ မေးကြည့်လိုက်သည်။ ကိုယ်တိုင်က ချမ်းသာပြည့်စုံသူဖြစ်သည့်တိုင်အောင် သူနှမြောလောက်တဲ့ထိ လင်းထက်သူ၏ ပိုင်ဆိုင်မှုတွေက ကြီးကျယ်များပြား၏။

"လွန်းရယ်...မင်းကတော့ ကလေးပဲ....အဖေနဲ့ အတူနေလာတာ သုံးလေးရက်ပဲ ရှိတော့မယ်...သူ့အကြောင်းမသိသေးဘူးလား...အဖေက တကယ့်ကလေးစိတ်....စိတ်တိုနေတုန်းသာ ထ လုပ်တာ....ခုကျ သူအစ်ကို့ကို မချစ်လို့လား"

ဟုတ်လည်း ဟုတ်သည်။ အဖေက စရောက်ကတည်းက လင်းထက်သူကိုဆို သည်းသည်းလှုပ်။ ဘာမှပင်မဖြစ်ခဲ့သလို။ အဖေတစ်ယောက်၏ မေတ္တာက ဒီလိုလားဟု တွေးမိတော့လည်း သူကြည်နူးရပြန်သည်။

"အစ်ကို...ကျွန်တော်လေ...ဘယ်လိုကြီးဖြစ်နေလဲမသိဘူးဗျာ....စိတ်ထဲမှာ တစ်မျိုးပဲ...."

ခေါင်းလေးခါ၍ ပြောနေသော လွန်းအာကာကို လင်းထက်သူ နားမလည်စွာ ကြည့်လိုက်သည်။ လွန်းက ဘာစိတ်ညစ်စရာတွေများ ရှိနေလို့လဲ။

"ကျွန်တော် ခန့်ကို စိတ်မချဘူးဖြစ်နေတယ်...အစ်ကို..."

ခန့်ဦးရှိန်ကို?

သူ တိုးဖွဖွရယ်၍ လွန်းအာကာ၏ ဆံပင်များကို ဆွဲဖွလိုက်သည်။

Swamping with Intimacy(Season-1)Where stories live. Discover now