အပိုင်း-(၅၅)

84.5K 8.2K 1.8K
                                    

"သိုက်လေး...ထတော့..."

လေတိုးသံကြားက အသံမာမာက အားလျော်စွာ တိုးဖျော့နေသည်။ လက်မောင်းကို ဖြည်းဖြည်း လှုပ်နိုးတော့ မင်းဆက်က ရမ်းခါလျက် ခေါင်းအုံးထဲ အတင်းမျက်နှာထိုးနေ၏။

"ခွေးပေါက်လေး...ထလို့...ကလေး..."

သူ့ဟာသူနိုးပြီး ခန့်ဦးရှိန် မျက်စောင်းထိုးလိုက်သည်။ သူက ကလေးမှ မဟုတ်ဘဲ...

"လူကြီးကောင်ရေ...ထတော့ကွာ..."

မေးထောက်၍ လှုပ်နိုးနေရာမှ မင်းဆက်၏ နဖူးကို စမ်းကြည့်လိုက်သည်။ နွေးသည်ဆိုရုံသာရှိတော့သော အပူရှိန်ကြောင့် အိပ်နေသည့်ကောင်လေးကို ဘုကြည့်ကြည့်မိသည်...

"မဟုတ်တာ လုပ်လိုက်ရတော့...အဖျားတောင် ကျသွားတာပဲ..."

အိပ်ရေးမဝသေးသည့်ကောင်လေးကတော့ စောင်ပုံထဲပါ တိုးဝင်၍ ကွေးအိပ်နေသည်။

"ငါ-ိုးမသား...ထလို့...အိပ်လွန်းအားကြီးလို့ သေလဲသွားအုံးမယ်..."

ချော့ချော့မော့မော့ကနေ ကြမ်းကြမ်းတမ်းတမ်းဖြစ်လာတော့မှ မင်းဆက် မျက်လုံးမှေးစင်း၍ ဖွင့်ကြည့်လာသည်။ ကိုကို့ ပုံစံကိုကြည့်ပြီး စောစောစီးစီး စ ချင်လာသောကြောင့်....

"ကျွန်တော် ညက ပင်ပန်းထားတယ်ကိုကိုရာ...လာမနှိုးနဲ့...."

"ဪ...ဟုတ်တယ်...မင်းကပင်ပန်းတယ်ဆိုတော့ ငါကကျတအားတွေ အားအင်ပြည့်ဝပြီး ပျော်ရွှင် သန်စွမ်းနေတာလေ....."

စောင်ပုံထဲကပင် ခေါင်းတဆတ်ဆတ်ညိမ့်ကာ သူထောက်ခံနေသော်လည်း ရယ်ချင်စိတ်က ထိန်းမရ။

"ဒါပေါ့...ကိုကိုက Spiderman ကို..."

ဖောင်း...

အာ့...

ဗိုက်ကို ဆောင့်ကန်လိုက်သည့် ခြေတံရှည်များကြောင့် မင်းဆက် အောင့်ခနဲ အီသွားသည်။ မထလို့မဖြစ်သည့် အခြေအနေရောက်နေပြီမို့ သူကုတင်ကို မှီ၍ ထကာ ပြုံးပြလိုက်သည်။

ကိုက်ရာဗလပွနှင့် ခန့်ဦးရှိန်က တစ်ကိုယ်လုံးရဲတွတ်နေသည်။ ရင်ဘတ်မှ Thike ဟူသော Tattoo ကိုမြင်တော့ ရင်ခုန်သံဟာ လတ်ဆတ်စွာ မြည်ဟီး၏။ အတူနေပြီးသည့် ညများတွင် မနက်နိုးလာသည့်အချိန်တိုင်း ခန့်ဦးရှိန်ကို သူ့အပိုင်လို့ ခံစားမိသည်ကစ ပီတိက တစိမ့်စိမ့်။

Swamping with Intimacy(Season-1)Where stories live. Discover now