အပိုင်း-(၇၀)

68.3K 7.7K 1.5K
                                    

လျှောက်လမ်းသို့ ပြေးလွှားလာသော ခြေသံများက တရှပ်ရှပ်။ ဆေးရုံချိန်ကြီးမို့ Duty coat ဖြင့် ဆရာဝန်များက အထဲသို့ တိုးကြပ်ဝင်လာကြသည်။

လူနာက တခြားသူမှမဟုတ်ဘဲ။

"ကိုလင်း..."

ဟန်သွေး၏ ခေါ်သံကြောင့် အခန်းထဲမှ မင်းဆက်ကို လှမ်းကြည့်နေသော လင်းထက်သူ မသက်သာစွာ ပြုံးပြလိုက်သည်။

"မောင်ရေ...မင်းဆက်ကို ဘယ်လိုလုပ်မလဲ?"

လက်မောင်းကို လာရောက်ဆုပ်ကိုင်၍ မျက်ရည်ဝဲနေသည့် ဝတ်မှုန်ကို သူအားပေးနှစ်သိမ့်ရပြန်သည်။

မြင်ရတဲ့ အနေအထားဟာ လုံးဝမကောင်း။

ဆေးထိုးခံထားရသောကြောင့် သိပ်မလှုပ်ရှားနိုင်သော ခန္ဓာကိုယ်ဖြင့် ကုတင်ပေါ်မှာ လူးလှိမ့်ကာ အော်ဟစ်ငိုကြွေးနေသည်။ မြင်ရတွေ့ရသူတိုင်း စိတ်မချမ်းမြေ့စရာပင်....။

"ဟန်သွေး...အဲ့ဒါသိုက်မင်းဆက်မလား...ငါဆေးကျောင်းတုန်းက သူ့ကို မြင်ဖူးတယ်..."

သိချင်သလို လာမေးစမ်းသည့် စိတ်ရောဂါကုဆရာဝန်တစ်ယောက်အား သူခေါင်းကိုသာ ညိမ့်ပြလိုက်ပါသည်။

"ဘယ်လိုဖြစ်ရတာလဲကွာ....."

သူမချိတင်ကဲ ရေရွတ်၍ မှန်ဘောင်ကို မျက်နှာအပ်မိသည်။

ဒီလောက်...ဒီလောက် စိတ်ကောင်းရှိတဲ့ လူကိုမှ...၊ ဒီလောက်အဖိုးတန်တဲ့ လူကိုမှ...၊၊

"ကိုကို...ကျွန်တော်ကြောက်တယ်....."

ကုတင်ပေါ်မှ သူကတော့ တီးတိုးရေရွတ်နေကာ နံဘေးမှ Duty coat လေးကို စောင်းစောင်းကြည့်၍ မျက်ရည်ကျနေသည်။

_________________

"အဲ့ဒါ ရှင့်ကြောင့်...ရှင့်ကြောင့်..."

ဒေါ်မြတ်သူခမျာ သား​ဇောဖြင့် သူ့ယောက်ျားကို ထုရိုက်ဖို့သာ တတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အမေဖြစ်သူက ပိုရင်နာရသည်။ ခုလဲ ဆေးရုံက ပုံစံကို မကြည့်နိုင်၍ အိမ်မှာလာငိုနေခြင်းဖြစ်သည်။

"ရှင်သာ သားနဲ့ အလုပ်မှာ သားကို ရွေးခဲ့မယ်ဆိုရင် ခန့်ဦးရှိန်ကိုဖမ်းရက်မှာမဟုတ်ဘူး ၊ ရှင်က သားထက်အလုပ်ကို ပိုချစ်လို့ ဖမ်းခဲ့တာလေ"

Swamping with Intimacy(Season-1)Where stories live. Discover now