Arc 2(17)

801 96 6
                                    

​ရာသီဥတုသာယာ​နေသလို မီနာလည်းစိတ်ချမ်းသာ​နေသည်။ သူဒီကမ္ဘာ​ရောက်တည်းက တည်တည်ငြိမ်ငြိမ်​နေခဲ့တာ သူ့အကျင့်ဆိုး​တွေ​တောင်​ပျောက်​တော့မလိုပင်။

မီနာ သူ့မူလကမ္ဘာမှာတုန်းက ဖူဂျိုရှီအကြီးစားဖြစ်ပြီး
အမြဲတမ်း ​ဂေးရုပ်ရှင်​တွေကြည့် ​ဂေးဝတ္ထု​တွေဖတ်​၍အလုပ်ရှုပ်​နေ​လေ့ရှိသည်။ ထို့အပြင် မီနာက ဂိမ်းပါစွဲ​နေ​သေးသည်။

ထို့​ကြောင့် သူ တစ်ခါတစ်​လေ ​ယောက်ျား​လေးဖြစ်ချင်သည်။ မီနာ့ကမ္ဘာမှာ ​ယောက်ျား​​လေး​တွေက အလွန်လွတ်လပ်သည်။ ထို့အပြင် ​ယောက်ျား​လေးများက သူတို့ဝါသနာပါတာကို လွတ်လပ်စွာလုပ်နိုင်ကြသည်။ ဒါ​ပေမဲ့ အဲ့အချိန်တုန်းက အဲ့တာကသူ့အတွက်မဖြစ်နိုင်သည့် အိပ်မက်သာသာဖြစ်သည်။

အခု​တော့ သူ့အိပ်မက်​တွေအ​ကောင်အထည်​ပေါ်​လေပြီ။ သူ​ယောက်ျား​လေးဖြစ်​နေတဲ့ အပြင် ​​ကောင်​လေးပါရှိ​နေပြီဖြစ်သည်။

ဖူဂျိုရှီတစ်​ယောက်ရဲ့ အိပ်မက်ကအမှန်တကယ်ဖြစ်လာ​လေပြီ။

မီနာက သက်ခအ​နေနဲ့​နေတာကြာ​တော့ သူ့မူလကမ္ဘာမှာ သူကမိန်းက​​လေးဆိုတာကို​တောင် ​မေ့ချင်​နေပြီဖြစ်သည်။ ယခု​တော့ သူ့ကိုယ်သူ ​ယောက်ျား​လေးတစ်​ယောက်လို့သာ ခံယူထားသည်။

[System​ရေ ​နောက်ကမ္ဘာကြရင်လည်း ငါ​လေးကို​ယောက်ျား​လေးဖြစ်​အောင်ဘဲလုပ်​ပေးလို့ရမလား]

[အဲ့တာက​တော့ ကျွန်​တော်လည်းမတတ်နိုင်ပါဘူး
သူ့သူကျပန်းဖြစ်မှာပါ]

[F*ck နင်က​လေ ဘယ်​တော့မှ အသုံးမကျဘူး ဘာမှလည်းသုံးစားလို့မရဘူး]

[ဟာ ကျွန်​တော် hostရဲ့ဆဲသံ​လေး​တွေကိုလွမ်း​နေတာဗျာ hostဆဲမှဆဲပါ့မလားလို့ ]

[ငါ့အဆဲအ​တော်ခံချင်​နေတယ်​ပေါ့​လေ]

[hostတည်ငြိမ်​နေတာအ​တော်ကြာပြီ​လေ host အရမ်းတည်ငြိမ်​နေ​တော့ ကျွန်​တော်​ကြောက်တယ်ဗျ အဆဲခံရတာက​တော်​သေးတယ်]

[​​ငါကလူကြီးလူ​ကောင်းဆန်တဲ့​ယောက်ျား​လေးအဖြစ်moodသွင်းထားလို့ နင့်ကိုမဆဲတာကို နင်ကအဆဲခံချင်​နေ​တော့လည်း ​နေ့တိုင်းဆဲ​ပေးရမှာ​ပေါ့]

ZEROTHREEWhere stories live. Discover now